Your cart is currently empty!
မင်္ဂလာပါ 안녕하세요 
MyanGoal မှ ကြိုဆိုလိုက်ပါတယ်ရှင့် 
ကိုရီးယားရောက်မြန်မာများအတွက် အကောင်းဆုံး Mobile နဲ့ Telecom Service တွေကို တစ်နေရာတည်းမှာရမယ့် MyanGoal Branch အသစ်ကို ဘူဖြောင်းမှာ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင့်။
MyanGoal Branch ရဲ့ ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်(၁၀း၀၀) မှ ည(၈း၀၀) အထိ Bupyeong Station Shopping Mall, Ground Flow, Incheon, South Korea မှာ ဖွင့်လှစ် ကျင်းပသွားမှာပဲဖြစ်ပါတယ်။
ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ရင်ခုန်ဖွယ်ရာ Lucky Draw အစီအစဉ်များ၊ ဆုလက်ဆောင် အစီအစဉ်များနှင့်အတူ စတင်ဖွင့်လှစ်သွားမှာ ဖြစ်တဲ့ကြောင့် ကိုရီးယားရောက် မြန်မာများအနေနဲ့ ဆိုင်သစ်ဖွင့်ပွဲသို့ ကြွရောက်ချီးမြှင့်ပေးပါရန် ရိုသေလေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။
ဆိုင်သစ်ဖွင့်ပွဲအထိမ်းအမှတ် အစီအစဉ်များမှာ..
• Grand Opening Lucky Draw
Grand Opening Lucky Draw အစီအစဥ်လေးမှာတော့ MyanGoal မှာ ဒီဇင်ဘာ (၁၅) ရက်နေ့မှ ဒီဇင်ဘာ (၂၅) ရက်နေ့အတွင်း လာရောက်ဝယ်ယူတိုင်းကို Lucky Draw အစီစဥ်နဲ့ ဗလာမပါ ကံစမ်းမဲများကို စီစဥ်ပေးထားပါတယ်ရှင့်။
• Invitation Gift
ဆိုင်ဖွင့်ပွဲကို လာရောက်ဝယ်ယူသူ၊ လေ့လာသူများအတွက်လည်း Invitation Gift များကို စီစဥ်ပေးထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများအနေနဲ့ MyanGoal ကို တစ်ခေါက်လောက်အရောက်လာပြီး ထူးခြားတဲ့ Experience တွေကိုခံစားဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
MyanGoal Telecom မှာဆိုရင် Apple Device တွေ၊ Samsung Products တွေသာမက Mobile နဲ့ပတ်သက်တာတွေ အားလုံးကိုရောင်းချပေးနေတဲ့ Telecom Pop-up Shop တစ်ခုဖြစ်လို့ လူကြီးမင်းများအနေဖြ င့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ကြောင်း အသိပေး ပြောကြားအပ်ပါတယ်ရှင့်။
အတွေ့ကြုံ အသစ်ဆန်းများ၊ ရင်ခုန်စိတ်လှုပ်ရှားစရာများနဲ့ ပြည့်နှက်နေတဲ့ Promotion အစီအစဉ်လေးတွေမှာပါဝင်ရင်း MyanGoal ဆိုင်သစ်သို့ ကြွရောက်ကြပါရန် နွေးထွေးစွာဖိတ်ခေါ်လိုက်ပါရစေ။







Leave a Reply
You must be logged in to post a comment.