Your cart is currently empty!
Samsung သမိုင်းမှာ အကြီးဆုံး ပြောင်းလဲမှုတွေ ရှိလာမယ်လို့ပြောတဲ့ One UI 7
Samsung သည် ၂၀၂၄ ခုနှစ် ဇူလိုင်လနှောင်းပိုင်းမှာ Android 15-based One UI 7.0 beta အပ်ဒိတ်ကို ထုတ်ပြန်ရန် လုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် နှောင့်နှေးခဲ့ရပါတယ်။
ဒါပေမယ့် One UI 7.0 ဟာ Samsung ရဲ့ သမိုင်းတွင် အကြီးမားဆုံးတိုးတက်မှုကို ယူဆောင်လာမယ်လို့ပြောထားတာကြောင့် အဆိုပါနှောင့်နှေးမှုဟာ Samsung အသုံးပြုသူအားလုံးအတွက် အကျိုးတစ်ခုခုထူးမယ်လို့သိရပါတယ်။
ဒါ့အပြင် Samsung ရဲ့ One UI 7 ဟာ Galaxy S25 နဲ့အတူ ထွက်လာမယ်လို့လည်းသိရပါတယ်။ One UI 7 ဟာ Galaxy S25 Ultra မှာ ပိုကောင်းတဲ့ နှုန်းတွေနဲ့ အလုပ်လုပ်နိုင်မယ်လို့ ပြောလာပါတယ်။
ဒီတစ်ခေါက် Update မှာဘာတွေ ပါဝင်လာမလဲဆိုတာကိုတော့ စိတ်ဝင်စားစရာဖြစ်လာတော့မှာပါနော်။







Leave a Reply
You must be logged in to post a comment.