Zombie ဇာတ်ကားတစ်ကားကို iPhone 15 Pro Max နဲ့ ရိုက်ကူး

iPhone နဲ့ အခုဆိုရင် Oscar ဆုရှင် Cillian Murphy ပါဝင်သရုပ်ဆောင်မယ့် Zombie Apocalypse အဖြစ်အပျက်အကြောင်းကိုရိုက်ကူးသွားမှာဖြစ်ပါတယ်။
ဒီဇာတ်ကားရှေ့မှာလည်း ဇာတ်ကားတစ်ကားထွက်ရှိထားပြီး ယခုကားကတော့ ပြန် Reboot လုပ်မယ့် ရုပ်ရှင်လို့လည်း သတင်းတွေ ထွက်ထားပါတယ်။
ဒီဇာတ်လမ်းကိုရိုက်ကူးမယ့် ဒါရိုက်တာကလည်း iPhone 15 Pro တွေကိုသုံးပြီး ရိုက်ခဲ့တာဖြစ်တဲ့အပြင် ဒီလိုအသုံးပြုပြီး ရိုက်ကူးတဲ့အကြောင်း အပြင်ကို သတင်းမလွင့်ဖို့ အဖွဲ့သားတွေကို မှာထားရဲ့ကြားကနေ အခု သတင်းတွေ ပေါက်ကြားလာတာဖြစ်ပါတယ်။
iPhone 15 Pro တွေနဲ့ ဘာလို့ရုပ်ရှင်ရိုက်ကူးခဲ့ရလည်းဆိုရင် iPhone တွေက Studio Camera နီးပါးရှိပြီး သယ်ရလွယ်တဲ့အပြင် Stabilizing ပိုဖြစ်တဲ့အတွက်ကြောင့် iPhone တွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
တော်တော်လေးထူးခြားတဲဲ့ရုပ်ရှင်ဖြစ်လာမှာမို့လို့ နောက်နှစ် ၂၀၂၅ မှာ iPhone နဲ့ရိုက်ထားတဲ့ ရုပ်ရှင်ကို ဆက်လက်စောင့်ကြည့်ပေးပါဦးနော်။

Latest