Telegram တည်ထောင်သူ အာမခံရ

Telegram CEO ကတော့ ပြီးခဲ့တဲ့ လက ပြင်သစ် လေဆိပ်မှာ အဖမ်းခံခဲ့ရပေမယ့် အာမခံနဲ့ နေနေရတယ်လို့ ပြောပါတယ်။
ပြင်သစ်လေဆိပ်မှာ အဖမ်းခံရတဲ့ ဒူးရော့ဗ်ဟာ ယူရို ၅ သန်း (ဒေါ်လာ ၅.၅၆ သန်း) နဲ့ အာမခံ ရသွားတာပါ။ ဒူးရော့ဗ်အနေနဲ့ ပြင်သစ်ကနေ ဘယ်မှ သွားလို့ ရဦးမှာ မဟုတ်ဘဲ တစ်ပတ် ၂ ကြိမ် ရဲစခန်းမှာ လာသတင်းပို့ရမှာဖြစ်ပါတယ်။
CEO ဖြစ်သူက ဒီကိစ္စမှာ သူ့ဘက်က ဘာအမှားမှ လုပ်ထားတာ မဟုတ်ဘူးလို့ပြောထားပြီး EU law တွေလည်း အကုန်လိုက်နာနေတာဖြစ်တာကြောင့် ဒီကိစ္စဟာ User တွေရဲ့ အမှားသာဖြစ်ပြီး သူ့ဘက်က ဘာမှလုပ်ပေးလို့မရနိုင်ပါလို့ပြောလာပါတယ်။
ပြင်သစ်အနေနဲ့ Telegram CEO ကို ဖမ်းတဲ့အကြောင်းကတော့ App အတွင်းမှာ မသာမာမှုတွေနဲ့ ၊ မူးရစ်ဆေးရောင်းဝယ်ဖောက်ကားမှု၊ လက်နက်မှောင်ခိုမှုတွေအပြင် ကလေးသူငယ်တွေကို လိင်စော်ကားမှုတွေပါလုပ်နေတဲ့အတွက် ပြင်သစ် အစိုးရကဖမ်းလိုက်ရတာဖြစ်ပါတယ်။
ဒီလိုအမှုပေါင်းများစွာနဲ့ဆွဲချက်တင်ထားပြီး ထောင်ဒဏ် ၁၀ နှစ်အထိကျနိုင်တယ်လို့လည်းပြောလာပါတယ်။

Latest