ရွှေနဲ့ဖန်တီးထားတဲ့ iPhone 16 Pro Max

Caviar လို့ခေါ်တဲ့ ဒူဘိုင်းရဲ့ နာမည်ကြီးကျောက်မျက်ရတနာဆိုင်ကတော့ ဖုန်းတွေကို တန်ဖိုးကြီး ကျောက်မျက်ရတနာတွေနဲ့ အလှဆင်ပြီး ရောင်းချလေ့ရှိပါတယ်။

အခုဆို သိန်းပေါင်း သောင်းကျော်တန်တဲ့ iPhone 16 Pro Max မှာ ကျောက်တွေစီထားပြီး ရောင်းချနေပါတယ်။ ဒါပေမယ့် ဒီဖုန်းက ပိုက်ဆံရှိတဲ့သူတိုင်းတော့ ဝယ်လို့မရနိုင်ပါဘူး။ Limited Edition အနေနဲ့ ၃ လုံးပဲထုတ်ပြီး ဒိတ်ဒိတ်ကျဲချမ်းသာတဲ့ စာရင်းဝင်သူတွေကိုပဲ ဦးစားပေးရောင်းချတာဖြစ်ပါတယ်။

iPhone 16 Pro Max ကိုတော့ “ The Great, The Terrible, The Magnificent “ လို့ နာမည်ပေးထားပြီး ရွှေတွေ အများကြီးနဲ့ သရဖူးပုံစံကို ပေါင်းထည့်ထားပြီး ရွှေဖုန်းလို့ တင်စားထားပါတယ်။

ဒါ့အပြင် စိန်၊ ပတ္တမြား အလုံးပေါင်း ၄၀၂ လုံးကို ဖုန်း ကိုယ်ထည်မှာ တပ်ဆင်တည်ဆောက်ထားပြီး  မြန်မာငွေနဲ့တွက်ကြည့်ပါက သိန်းပေါင်းသောင်းကျော်နေမှာဖြစ်ပါတယ်။


Latest