Tiktok ကို Elon Musk ဝယ်ဖို့ စဥ်းစားနေပြီလား

Tiktok ကို Elon Musk ဝယ်ဖို့ စဥ်းစားနေပြီလား

လက်ရှိ US မှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစလို့ Tiktok ကို Ban တော့မှာဖြစ်တဲ့အတွက် Creator တော်တော်များများက စိတ်မကောင်းဖြစ်နေကြပါတယ်။

ဒါပေမယ့် တရုတ် အာဏာပိုင်တွေက US က TikTok Company ကို  Elon Musk ကို ရောင်းဖို့ သတင်းထွက်လာပါတယ်။ အမေရိကန် အစိုးရက နိုင်ငံလုံခြုံရေးအတွက် Bytedance ပိုင်တဲ့ US TikTok Company ကို ဝယ်မယ့်သူတစ်ဦးဦးကိုရောင်းဖို့ပြောထားပြီး  မရောင်းရင် ၁၉ ရက်နေ့မှာ အမေရိကန်မှာ TikTok ကို Ban တော့မှာဖြစ်ပါတယ်။

Elon Musk ကလည်း လက်ရှိမှာ အသစ်တက်လာတဲ့ ထရမ့်နဲ့ တပူတတွဲတွေ့မြင်ရမှာဖြစ်ပြီး ထရမ့် သမ္မတဖြစ်ခဲ့ပါက Elon Musk ဟာ အစိုးရအဖွဲ့မှာ နေရာတစ်နေရာရဖို့ကတော့ ကျိန်းသေပါတယ်။

ဒါ့ကြောင့် တရုတ် အာဏာပိုင်တွေက Elon Musk သာ Tiktok ကို ဝယ်မယ်ဆိုရင် ရောင်းချဖို့ စိတ်ဝင်စားကြောင်းပြောလာပါတယ်။

ဒါပေမယ့် Tiktok ဟာလက်ရှိမှာ ဝယ်ယူသူဘယ်သူမှမရှိတော့ပဲ Creator တွေတော်တော်များများလည်း Red Note ဆိုတဲ့ App ဘက်ကိုပြောင်းနေပြီလို့သိရပါတယ်။


Latest