Your cart is currently empty!

Samsung Galaxy Z Fold7 နဲ့ Z Flip7 ရဲ့ သိန်း ၅၀၀ တန်တဲ့ ဇိမ်ခံဗားရှင်း ထွက်လာပါပြီ !
Samsung Galaxy Z Fold7 နဲ့ Z Flip7 ရဲ့ သိန်း ၅၀၀ တန်တဲ့ ဇိမ်ခံဗားရှင်း ထွက်လာပါပြီ !
Caviar ဆိုတဲ့ ရုရှားက ဇိမ်ခံပစ္စည်းကုမ္ပဏီက Samsung ရဲ့ ဒီဖုန်းခေါက်တွေကို အာကာသထဲက ရတနာသိုက်လိုမျိုး ပြောင်းလဲပစ်လိုက်ပါတယ်။ သူတို့ရဲ့ Cosmic Cabubu က ရွှေအစစ်၊ စိန်အစစ်၊ ပြီးတော့ ကမ္ဘာပေါ်ကို ကြွေကျလာတဲ့ ဥက္ကာခဲအစစ်တွေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါပြီးရင် တရုတ်က နာမည်ကြီး ချစ်စရာ အရုပ်လေး Labubu ကို ဒီဖုန်းတွေရဲ့ ဒီဇိုင်းထဲ ထည့်သွင်းထားပါသေးတယ်။ Caviar က Labubu ကို Cabubu လို့ နာမည်ပြောင်းပြီး အင်္ဂါဂြိုဟ်နဲ့ ဗီးနပ်စ်ဂြိုဟ်ပေါ်ကို စွန့်စားခရီးထွက်နေတဲ့ အာကာသခရီးသွားလေးအဖြစ် ပုံဖော်ထားပါတယ်။
ဒီဖုန်းကို ကြည့်လိုက်တာနဲ့ အင်္ဂါဂြိုဟ်ပေါ်ရောက်နေတဲ့ မြင်ကွင်းအတိုင်း ခံစားရမှာပါ။ အနက်ရောင် titanium ကိုယ်ထည်ပေါ်မှာ 24K ရွှေအစစ်နဲ့ အလှဆင်ထားပါတယ်။ အနီရောင် ကျောက်မျက်တွေက အင်္ဂါဂြိုဟ်ရဲ့ မြေနီအရောင်ကို ပုံဖော်ပေးထားပါတယ်။ အဒီနံရံပေါ်မှာ တကယ့် Muonionalusta ဥက္ကာခဲအပိုင်းအစတွေ ထည့်သွင်းထားတာမို့ ကိုင်ကြည့်ရင် အာကာသထဲက အမှတ်တရလက်ဆောင်ကို ပိုင်ဆိုင်နေသလို ခံစားရမှာပါ။
ဒီဖုန်းတွေရဲ့ အကြီးမားဆုံးပြောင်းလဲမှုက သူတို့ရဲ့ ထူးခြားမှုပါပဲ။ ဖုန်းတစ်မျိုးကို ကမ္ဘာပေါ်မှာ ၈ လုံးပဲ ထုတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဖုန်းကို ပိုင်ဆိုင်ရရင် ကမ္ဘာပေါ်က လူ ၈ ယောက်ထဲက တစ်ယောက်ဖြစ်လာမှာ။ ဥက္ကာခဲရဲ့ သဘာဝဖွဲ့စည်းပုံက တစ်ခုနဲ့တစ်ခု မတူတာမို့ သင့်ရဲ့ဖုန်းက ဘယ်သူ့ဟာနဲ့မှ မတူတဲ့ တစ်ခုတည်းသော ဒီဇိုင်းဖြစ်နေမှာပါ။
ဒီလို ဖုန်းမျိုးကို ပိုင်ဆိုင်ဖို့ သိန်း ၅၀၀ လောက် ပေးရမယ်ဆိုတော့ ဘယ်လိုထင်လဲ။ တကယ်လို့ ဒီလို ဇိမ်ခံပစ္စည်းကို စိတ်ဝင်စားတယ်ဆိုရင် Caviar ရဲ့ ဝက်ဘ်ဆိုက်မှာ သွားကြည့်လို့ရပါတယ်။





