Apple က YouTuber တစ်ယောက်ဖြစ်တဲ့ Jon Prosser ကို iOS 26 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေါက်ကြားစေမှုကြောင့် တရားစွဲလိုက်ပြီ!

Apple က YouTuber တစ်ယောက်ဖြစ်တဲ့ Jon Prosser ကို iOS 26 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေါက်ကြားစေမှုကြောင့် တရားစွဲလိုက်ပြီ!

Jon က iOS 26 မထွက်ခင်ကတည်းက သူ့ရဲ့ YouTube မှာ အချက်အလက်တွေ အများကြီး ပြောခဲ့တာဖြစ်ပါတယ်။ တကယ်လည်း သူပြောတဲ့ အချက်တွေ တော်တော်များများ မှန်နေပါတယ်။ ဥပမာ Glass Interface ဖြစ်လာနိုင်တာတွေ၊ Camera App ရဲ့ ဒီဇိုင်းအသစ်တွေ၊ စသဖြင့် အများကြီးပြောထားပါတယ်။

ဒါပေမယ့် Apple ကတော့ ဒီလိုပေါက်ကြားမှုကို လုံးဝမကျေနပ်ဘူးလို့သိရပါတယ်။ သူတို့က Jon ရဲ့ လုပ်ရပ်ကို Trade Secret တွေ ပေါက်ကြားစေတယ်လို့ ယူဆပြီး အခု တရားစွဲလိုက်ပြီဖြစ်ပါတယ်။

တရားစွဲခံရတဲ့သူတွေထဲမှာ Jon တစ်ယောက်တည်း မဟုတ်ဘူး၊ Michael Ramacciotti ဆိုတဲ့ သူတစ်ယောက်လည်း ပါသေးတယ်။

Apple ဘက်က ပြောတာကတော့ Jon နဲ့ Michael တို့ နှစ်ယောက်ပေါင်းပြီး Apple မှာ အလုပ်လုပ်တဲ့ Ethan Lipnik ဆိုတဲ့သူရဲ့ ဖုန်းထဲကို ခိုးဝင်ဖို့ ကြံစည်ခဲ့တယ်တဲ့။ Ethan က iOS 26 ရဲ့ Development ပိုင်းမှာ ပါဝင်ခဲ့သူဖြစ်နိုင်တယ်လို့ ယူဆရတယ်။ ဘယ်လိုလုပ်ခဲ့လဲဆိုတော့ Michael က Ethan ရဲ့ iPhone ကို သုံးပြီး Jon ကို FaceTime ခေါ်ကာ iOS 26 ရဲ့ အချက်အလက်တွေကို ပြသခဲ့တယ်လို့ Apple က ဆိုတယ်။ Jon ကလည်း အဲဒီအချက်အလက်တွေကို အသုံးပြုပြီး သူ့ရဲ့ YouTube ဗီဒီယိုတွေမှာ ထည့်ခဲ့တာပေါ့။

အခုလောလောဆယ်တော့ ဒီအမှုက ဘယ်လိုဆက်ဖြစ်မလဲ မသိရသေးဘူး။ ဒါပေမယ့် Ethan ကတော့ ဒီပြဿနာကြောင့် Apple မှာ အလုပ်လုပ်ခွင့်ကို ရပ်နားခံလိုက်ရပြီ။ Jon ကတော့ သူ့ရဲ့ X အကောင့်မှာ Apple ရဲ့ စွပ်စွဲချက်တွေကို ငြင်းထားတယ်။ သူက ဘာမှ ကြံစည်ခဲ့တာမဟုတ်ဘူး၊ ဖုန်းထဲ ဝင်ဖို့ ကြိုးစားခဲ့တာမဟုတ်ဘူးလို့ ပြောထားတယ်။ ဒါက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။


Latest