iPhone Face ID ကို လူနှစ်ယောက် အသုံးပြုနည်း
iPhone ရဲ့ Face ID နည်းပညာကို လူတစ်ယောက်ထက်ပိုပြီး အသုံးပြုလို့ရတယ်ဆိုတာ သင်သိပါသလား။
သင့်ရဲ့ချစ်သူ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးကို သင့်ဖုန်းဖွင့်ခွင့်ပေးချင်ပေမဲ့ passcode ကို မပေးချင်ဘူးဆိုရင် ဒီနည်းလမ်းလေးက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။
Face ID မှာ မျက်နှာတစ်ခုထက်ပိုပြီး ထည့်သွင်းဖို့အတွက် အောက်ပါအဆင့်တွေအတိုင်း လိုက်လုပ်နိုင်ပါတယ်။
Settings ကို ဖွင့်ပါ။
Face ID & Passcode ထဲကို ဝင်ပါ။
သင့်ရဲ့ Passcode ကို ရိုက်ထည့်ပါ။
Set Up an Alternate Appearance ကို ရွေးချယ်ပြီး နောက်ထပ်မျက်နှာတစ်ခုကို ထည့်သွင်းလိုက်ပါ။
ဒီနည်းလမ်းနဲ့ လူနှစ်ယောက်ဟာ iPhone တစ်လုံးတည်းကို Face ID နဲ့ လွယ်လွယ်ကူကူ ဖွင့်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးဝင်တဲ့ Tips & Tricks လေးတွေကို ထပ်မံသိရှိချင်ရင်တော့ ကျွန်တော်တို့ရဲ့ Page ကို စောင့်ကြည့်နိုင်ပါတယ်နော်။






