Nano Banana ကြောင့် Gemini အသုံးပြုသူ ၁၀ သန်းကျော် တိုးလာ

Nano Banana ကြောင့် Gemini အသုံးပြုသူ ၁၀ သန်းကျော် တိုးလာ

မကြာသေးမီက Nano-Banana လို့ခေါ်တဲ့ image generation နည်းပညာအသစ်တစ်ခုဟာ နည်းပညာလောကမှာ အကြီးအကျယ် ရေပန်းစားသွားခဲ့ပါတယ်။ ဒီ Nano Banana ဆိုတာက Gemini ရဲ့ prompt ထည့်တဲ့နေရာက + သင်္ကေတဘေးမှာ ပေါ်လာတဲ့ ငှက်ပျောသီးပုံလေးနဲ့ Create images ဆိုတဲ့ tool ကို ခေါ်ဆိုတဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ သူ့ရဲ့တရားဝင်နာမည်က Gemini 2.5 Flash Image ဖြစ်ပါတယ်။

ဒီ tool ဟာ ပုံတွေအများကြီးကို ပေါင်းပြီး ဒီဇိုင်နာ တစ်ယောက်လို ပုံတစ်ပုံတည်း ဖန်တီးပြနိုင်ပါတယ်။

ကိုယ့်ရဲံ ထည့်ပေးပြီး အနုပညာရှင်ပုံစံအဖြစ် ပြန်လည်ပြောင်းလဲပေးဖို့ prompt ပေးလိုက်ရုံနဲ့ သင်မမြင်ဖူးသေးတဲ့ ပုံစံမျိုးစုံကို ဖန်တီးပေးနိုင်ပါတယ်။

နောက်ခံပုံစံပြောင်းလဲတာ၊ ပုံထဲကအရာဝတ္ထုတွေ အစားထိုးတာ၊ လူရဲ့ဆံပင်ပုံစံပြောင်းတာ စတဲ့အရာတွေကို အသေးစိတ်ကျကျနဲ့ သေသပ်လှပစွာ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဇာတ်ကောင်ရဲ့ ကိုက်ညီမှု (character consistency) ကိုလည်း တော်တော်လေး ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပါတယ်။

Nano Banana ဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ အသုံးပြုခွင့်ရတာကြောင့် ကမ္ဘာတစ်ဝန်းလုံးက လူတွေ ဝိုင်းဝန်းအသုံးပြုခဲ့ကြပါတယ်။

Gemini app ဟာ Nano Banana ရဲ့ ကျေးဇူးနဲ့ တစ်ပတ်အတွင်း အသုံးပြုသူ အသစ် ၁၀ သန်းကျော် ရရှိခဲ့ပါတယ်။

Google Gemini ဟာ App Store ရဲ့ Productivity ကဏ္ဍမှာ နံပါတ် ၂ အထိ တက်သွားခဲ့ပြီး Play Store ရဲ့ Top Free Chart မှာလည်း နံပါတ် ၁၃ အထိ ရောက်ရှိခဲ့ပါတယ်။

Nano Banana ကို တရားဝင်စတင်ခဲ့ချိန်ကစပြီး အခုချိန်အထိ ပုံသန်းပေါင်း ၂၀၀ ကျော် ထုတ်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။

Nano Banana ကို အခမဲ့အသုံးပြုသူတွေအနေနဲ့ တစ်ရက်ကို ပုံ ၁၀၀ အထိ ပြင်ဆင်နိုင်ပြီး၊ Paid Subscriber တွေကတော့ တစ်ရက်ကို ပုံ ၁၀၀၀ အထိ ပြင်ဆင်နိုင်ပါတယ်။ အခမဲ့ သုံးစွဲသူတွေအတွက်တောင် ပုံရာချီ ပြင်ဆင်နိုင်တာကတော့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါပဲ။


Latest