World Intellectual Foundation က ထုတ်ပြန်တဲ့ Responsible Nations Index 2026

World Intellectual Foundation က ထုတ်ပြန်တဲ့ Responsible Nations Index 2026 အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၄ နိုင်ငံကို နိုင်ငံတော်အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ဘယ်လောက်အထိ တာဝန်ယူမှုရှိရှိ အသုံးချသလဲဆိုတဲ့အပေါ် မူတည်ပြီး အဆင့်သတ်မှတ်လိုက်ပါတယ်။

ဒီအညွှန်းကိန်းဟာ စီးပွားရေး ဒါမှမဟုတ် စစ်ရေးအင်အားကို အဓိကမထားဘဲ အုပ်ချုပ်ရေးစနစ်၊ လူမှုဖူလုံရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ပြုမူဆက်ဆံပုံ စတဲ့အချက်တွေအပေါ်မှာပဲ အကဲဖြတ်ထားတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ က ရမှတ် 0.6194 နဲ့ အဆင့် (၁) နေရာမှာ ရပ်တည်နေပြီး၊ သူ့နောက်မှာတော့ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဆိုက်ပရပ်စ်နဲ့ ဆွီဒင်တို့က ထိပ်ဆုံး ၅ နိုင်ငံအဖြစ် အစဉ်လိုက် ရှိနေပါတယ်။

အိန္ဒိယနိုင်ငံ ကတော့ ရမှတ် 0.5515 နဲ့ အဆင့် (၁၆) မှာ ရှိနေပြီး၊ အဆင့် (၆၆) မှာရှိတဲ့ အမေရိကန်နဲ့ အဆင့် (၆၈) မှာရှိတဲ့ တရုတ်နိုင်ငံတို့ထက် ရှေ့ကနေ သာလွန်နေတာကို တွေ့ရပါတယ်။


Latest