Your cart is currently empty!
Android ဖုန်းတွေရဲ့ ဘက်ထရီသက်တမ်းကို ပိုမိုကောင်းမွန်လာစေဖို့အတွက်
ဘက်ထရီအလွန်အကျွံစားတဲ့ Apps တွေကို Google က ပညာပေးအရေးယူမှုတွေ စတင်လုပ်ဆောင်လာတော့မှာပါ။
Warning Label ကပ်ခြင်း
App တစ်ခုဟာ နောက်ကွယ် (Background) မှာ ဘက်ထရီအလွန်အကျွံသုံးနေရင် Play Store မှာ “Warning Label” စာတန်းတပ်ပြီး အသုံးပြုသူတွေကို သတိပေးမှာ ဖြစ်ပါတယ်။
Partial Wake Lock ကို ထိန်းချုပ်ခြင်
ဖုန်း Screen ပိတ်ထားချိန်မှာတောင် Processor ကို အတင်းအလုပ်လုပ်ခိုင်းတဲ့ (Partial Wake Lock) စနစ်ကို အလွဲသုံးစားလုပ်နေတဲ့ Apps တွေကို အဓိက ပစ်မှတ်ထားတာပါ။
Recommendation မှ ဖယ်ထုတ်ခြင်း
ဘက်ထရီစားလွန်းတဲ့ Apps တွေကို Play Store ရဲ့ အကြံပြုချက် (Recommended) စာရင်းကနေပါ ဖယ်ထုတ်ပြီး ဈေးကွက်နေရာ လျှော့ချသွားမှာ ဖြစ်ပါတယ်။
Android ဖုန်းတွေ ဘက်ထရီမခံဘူးဆိုတဲ့ အယူအဆကို ဖျောက်ဖျက်ဖို့နဲ့ အသုံးပြုသူတွေ iPhone ဘက် စိတ်မယိုင်သွားအောင် Google က ကြိုတင်ကာကွယ်တဲ့ ဗျူဟာပဲ ဖြစ်ပါတယ်။






