Your cart is currently empty!

အကြီးမားဆုံးအခက်အခဲဖြစ်တဲ့ မျက်နှာပြင်ခေါက်ရိုးရာထင်မှုကို အပြီးတိုင်ဖြေရှင်းပေးနိုင်မယ့် OPPO
OPPO ကနေ ခေါက်ဖုန်းအသုံးပြုသူတွေရဲ့ အကြီးမားဆုံးအခက်အခဲဖြစ်တဲ့ မျက်နှာပြင်ခေါက်ရိုးရာထင်မှုကို အပြီးတိုင်ဖြေရှင်းပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး ခေါက်ရာမထင်တဲ့ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။
ဒီဖုန်းမှာ အဆင့်မြင့်နည်းပညာသစ်တွေကို ပေါင်းစပ်အသုံးပြုထားတာကြောင့် မျက်စိနဲ့ကြည့်ရင်ပဲဖြစ်ဖြစ်၊ လက်နဲ့ပွတ်ကြည့်ရင်ပဲဖြစ်ဖြစ် ခေါက်ရိုးရာကို လုံးဝသတိထားမိတော့မှာမဟုတ်ဘဲ အကြိမ်ရေသိန်းချီ အဖွင့်အပိတ်လုပ်နိုင်တဲ့ ခိုင်ခံ့မှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။
နည်းပညာပိုင်းမှာတင်မကဘဲ အလွန်ပါးလွှာပေါ့ပါးတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့အတူ အားကောင်းတဲ့ဘက်ထရီ၊ အဆင့်မြင့်ကင်မရာစနစ်နဲ့ နောက်ဆုံးပေါ် Processor တို့ကိုပါ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ အရောင်အသွေးစုံလင်စွာ ထွက်ရှိလာတဲ့ ဒီ Flagship ခေါက်ဖုန်းသစ်ဟာ AI စနစ်သစ်တွေနဲ့ ရေရှည်အတွက် Software Update အာမခံချက်တွေပါဝင်လာတာကြောင့် ခေါက်ဖုန်းလောကရဲ့ စံချိန်သစ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ လက်ရှိမှာတော့ တရုတ်ဈေးကွက်အတွင်း မော်ဒယ်အလိုက် ဈေးနှုန်းအမျိုးမျိုးနဲ့ စတင်ဖြန့်ချိနေပြီဖြစ်ပါတယ်။





