ပိုကောင်းပေမယ့် ပိုမရောင်းရတဲ့ Android Ultra တွေနဲ့ တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series
Apple ရဲ့ iPhone 17 Series ထွက်ရှိလာတာ ၁ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပေမယ့် အရှိန်အဟုန်ကတော့ လျော့မသွားဘဲ ဆက်တိုက် အရောင်းသွက်နေဆဲ ဖြစ်ပါတယ်။
လတ်တလော ထွက်ပေါ်လာတဲ့ စာရင်းဇယားတွေအရ တရုတ်နိုင်ငံ ဈေးကွက်တစ်ခုတည်းမှာတင် ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့အထိ iPhone 17 Series စုစုပေါင်း ရောင်းချရမှုဟာ အလုံးရေ ၃၅.၃၉ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အရောင်းရဆုံး ၃၅ သန်းကျော်ထဲမှာ မော်ဒယ်အလိုက် ခွဲခြားကြည့်မယ်ဆိုရင် –
1.iPhone 17 Pro Max — ၁၂.၆၉ သန်း
- iPhone 17 Pro — ၁၀.၈၇ သန်း
- iPhone 17 (ရိုးရိုး) — ၁၀.၈၇ သန်း အသီးသီး ဖြစ်ကြပါတယ်။
တစ်ဖက်က Android Ultra ဖုန်းတွေရဲ့ အခြေအနေ
ထူးခြားတာက iPhone 17 Series တွေထက် Specs ပိုင်း ပိုကောင်းတယ်လို့ ဆိုနိုင်တဲ့ Android တန်းမြင့် Ultra ဖုန်းတွေရဲ့ တရုတ်ပြည်တွင်း အရောင်းစာရင်းဟာ မျှော်လင့်ထားသလောက် တက်မလာခဲ့ပါဘူး။
Xiaomi 17 Ultra၊ vivo X300 Ultra၊ OPPO Find X9 Ultra နဲ့ iQOO 15 Ultra စတဲ့ ဖုန်းအားလုံးရဲ့ ရောင်းအားကို စုပေါင်းလိုက်ရင်တောင်မှ စုစုပေါင်း အလုံးရေ ၇၇၆,၅၀၀ ပဲ ရှိနေတာ ဖြစ်ပါတယ်။
အဲဒီ Android Ultra ဖုန်းတွေထဲမှာမှ မော်ဒယ်အလိုက် အရောင်းရဆုံး စာရင်းတွေကတော့ အခုလို ဖြစ်ပါတယ် –
- Xiaomi 17 Ultra — ၂၂၈,၅၀၀ လုံး (အရောင်းရဆုံး)
- iQOO 15 Ultra — ၂၂၀,၇၀၀ လုံး
- vivo X300 Ultra — ၂၀၁,၂၀၀ လုံး
- OPPO Find X9 Ultra — ၁၂၆,၁၀၀ လုံး
ဒီနှစ်ပိုင်းအတွင်း ထွက်ရှိလာတဲ့ Android Ultra ဖုန်းတွေဟာ နည်းပညာပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့ပေမယ့် iPhone 17 Series ရဲ့ အရောင်းကိန်းဂဏန်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ကောင်းကင်နဲ့မြေကြီးလို အပြတ်အသတ် ကွာဟနေတုန်းပဲ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းအမှတ်တံဆိပ်တွေ ဘယ်လောက်ပဲ ကောင်းအောင်ထုတ်ထုတ် တရုတ်လူမျိုးတွေရဲ့ စိတ်ထဲမှာ iPhone ကိုပဲ ပိုပြီး အကြိုက်တွေ့နေကြဆဲဆိုတာ ထင်ရှားလှပါတယ်။






