Nokia ရဲ့ CEO နောက်ဆုံးနှုတ်ဆက်စကား

Nokia ရဲ့ CEO နောက်ဆုံးနှုတ်ဆက်စကား

‘ကျွန်တော်တို့ ဘာတစ်ခုမှ မှားမှားယွင်းယွင်း မလုပ်ခဲ့ပါဘူး၊ ဒါပေမဲ့ တစ်ချက်လေး လွဲချော်ပြီး ရှုံးနိမ့်သွားခဲ့ရတယ်’

ဆိုတဲ့ ရင်နင့်ဖွယ် စကားလုံးတွေနဲ့ Nokia ကို အဆုံးသတ်လိုက်တဲ့အခါ တစ်ကမ္ဘာလုံး ဆွံ့အသွားခဲ့ရပါတယ်။

သူ့ရဲ့ ပြောကြားချက်ဟာ ကုမ္ပဏီတစ်ခုတည်းအတွက် တင်တင်မဟုတ်ဘဲ မျိုးဆက်တိုင်းအတွက် သင်ခန်းစာတစ်ခု ဖြစ်ခဲ့ပါတယ်။ နိုကီယာဟာ အမှားအယွင်းတွေကြောင့် ကျရှုံးသွားခဲ့တာ မဟုတ်ပါဘူး၊ ကမ္ဘာကြီးက လျှပ်စီးလက်သလို အရှိန်အဟုန်နဲ့ ရှေ့ကို ပြေးနေချိန်မှာ သူတို့ဘက်က ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲဖို့ ရပ်တန့်ခဲ့တာကြောင့် ကျရှုံးခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဇာတ်လမ်းဟာ အောင်မြင်မှုဆိုတာ ဘယ်တော့မှ ထာဝရ မတည်မြဲနိုင်ကြောင်းနဲ့ အကယ်၍ လိုက်လျောညီထွေ ပြောင်းလဲဖို့ ငြင်းဆန်နေမယ်ဆိုရင် ဘီလူးကြီးတွေလို ကုမ္ပဏီကြီးတွေတောင် ပြိုလဲသွားနိုင်တယ်ဆိုတာကို ပြင်းပြင်းထန်ထန် သတိပေးနေပါတယ်။ စီးပွားရေးမှာ ဖြစ်ဖြစ်၊ နည်းပညာမှာ ဖြစ်ဖြစ်၊ လက်တွေ့ဘဝမှာ ဖြစ်ဖြစ်… တကယ့် အန္တရာယ်က အမှားတစ်ခုခု လုပ်မိတာ မဟုတ်ပါဘူး၊ အရာရာကို ပုံစံခွက်ဟောင်းကြီးအတိုင်း အချိန်အကြာကြီး လုပ်နေပြီး ဒါတွေကပဲ အမြဲတမ်း အလုပ်ဖြစ်နေလိမ့်မယ်လို့ အထင်ရောက်နေတာပဲ ဖြစ်ပါတယ်။

Nokia ရဲ့ ကျဆုံးမှုက Comfort Zone ထဲမှာ နေခြင်းဟာ တိုးတက်မှုရဲ့ အကြီးမားဆုံး ရန်သူဖြစ်ပြီး၊ Innovation ဟာသာ အနာဂတ်က နားလည်တဲ့ တစ်ခုတည်းသော ဘာသာစကား ဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။

ဒီနေ့ခေတ်မှာတော့ အဲဒီစကားလုံးတွေဟာ စိတ်ခွန်အားဖြစ်စေတဲ့ ပဲ့တင်သံတွေ ဖြစ်လာခဲ့ပါပြီ။ ဆက်လက်လေ့လာပါ၊ ဆက်လက်ပြောင်းလဲပါ၊ မနေ့က အောင်မြင်မှုဟာ မနက်ဖြန်အတွက် အာမခံချက် ပေးနိုင်လိမ့်မယ်လို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ စက္ကန့်တိုင်းမှာ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင် ကျန်ရစ်ခွင့်ဆိုတာ အမြဲတမ်း ရုန်းကန်ပြောင်းလဲနေသူတွေအတွက်သာ ဖြစ်လို့ပါပဲ။”


Latest