Your cart is currently empty!
တောင်ကိုရီးယားမှာ ပညာသင်ကြားဖို့အတွက် IELTS စာမေးပွဲက ကျောင်းသားတွေအတွက် ဘာတွေအကျိုးရှိစေလဲ?
International English Language Testing System (IELTS) ဟာလဲ တောင်ကိုရီးယားမှာ ကျောင်းတက်ဖို့ စဥ်စားနေတဲ့သူဖြစ်ဖြစ်၊ တောင်ကိုရီးယားမှာ ကျောင်းတက်နေဆဲသူတွေအတွက်လဲ အရေးပါပြီး အသုံးဝင်ပါတယ်။ IELTS ဟာ ဘွဲ့ရပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလဲ များစွာအကျိုးရှိစေပါတယ်။
နိုင်ငံတကာကျောင်းသားတွေအနေနဲ့ English ဘာသာနဲ့ သင်ကြားတဲ့ majors တွေအတွက် တောင်ကိုရီးယားရဲ့ တက္ကသိုလ်တွေဟာ ဝင်ခွင့်လိုအပ်ချက်အနေနဲ့ English level test အမှတ်တွေတောင်းပါတယ်။ ကောင်းမွန်တဲ့ IELTS band score တွေရှိတဲ့သူတွေအတွက် တောင်ကိုရီးယားနိုင်ငံရဲ့ တက္ကသိုလ်ကောင်းတွေကို ကျောင်းဝင်ခွင့်ရနိုင်ပါတယ်။
IELTS band score ကောင်းတဲ့သူတွေအနေနဲ့ ပညာသင်ဆုတွေရနိုင်ပါသေးတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပရိုဂရမ်တချို့ဟာ English ဘာသာစကား ကျွမ်းကျင်မှုကို IELTS နဲ့ပြရတာတွေ ရှိပါတယ်။ ကိုယ့်ရဲ့ band score ပေါ်မူတည်ပြီး 100% scholarship ရနိုင်ပြီး ကိုယ့်ရဲ့ ပညာသင်စရိတ်တွေကို အများကြီး လျော့ချနိုင်ပါတယ်။
English ဘာသာစကားကို အထူးသဖြင့် နိုင်ငံတကာကျောင်းသားတွေ တက်ရောက်မှုများတဲ့ ဘွဲ့လွန်ပရိုဂရမ်တွေမှာ အများဆုံးအသုံးပြုပါတယ်။ ကိုယ်က English ဘာသာစကား ပိုင်နိုင်မှုရှိနေရင် သင်ကြားပို့ချချက်တွေ၊ assignments တွေကလဲ အခက်အခဲမရှိတဲ့အပြင် ပါမောက္ခတွေနဲ့ ပြောဆိုဆက်ဆံရာမှာလဲ အဆင်ပြေပါတယ်။ ကိုရီးယားဘာသာ တတ်ကျွမ်းမှုအပြင် English ဘာသာစကားကိုလဲ အသုံးပြုနိုင်တဲ့ သူတွေအတွက် ဘာသာစကား အတားအဆီးဆိုတာကို ကျော်လွှားနိုင်မှာဘဲ ဖြစ်ပါတယ်။
English ကျွမ်းကျင်မှုရှိတာကလဲ ဘွဲ့ရပြီးတဲ့ ကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေ ပွင့်လာနိုင်စေပါတယ်။ တောင်ကိုရီးယားမှာ ကျောင်းတက်ပြီးလို့ ဘွဲ့ရ လုပ်ငန်းခွင်ဝင်တဲ့အခါ IELTS ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့အတွက် English ကျွမ်းကျင်မှု ရှိဖို့လိုအပ်ပါတယ်။ IELTS band score ကောင်းကောင်းရှိနေရင်တော့ ကိုယ့်ရဲ့အလုပ် လျှောက်လွှာဟာ သူများတွေထက် တပန်းသာပြီး အလုပ်ရနိုင်ချေများပါတယ်။
တောင်ကိုရီးယားမှာ ပညာသင်ကြနေရင်းနဲ့မှ တခြားနိုင်ငံတွေကိုသွားသင်ချင်ရင်လဲ exchange program နဲ့ သွားရောက်နိုင်ပါတယ်။ ဒီလိုပရိုဂရမ်မျိုးတွေအတွက်လဲ IELTS အမှတ်ကောင်းဖို့လိုအပ်ပြီး နိုင်ငံတကာ အတွေ့အကြုံရဖို့အတွက် သေချာလေး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်က သေချာပြင်ဆင်ပြီး band score ကောင်းမှ အစစအရာရာ အဆင်ပြေချောမွေ့နိုင်မှာပါ။
ကိုယ်သင်ကြားမယ့် ဘာသာရပ်အတွက် အထောက်အကူဖြစ်စေမယ့် သုတေသနစာတမ်းတွေ၊ လေ့လာစမ်းသပ်ချက်တွေဟာလဲ အများအားဖြင့် English စာနဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် English စာ ကျွမ်းကျင်မှုရှိနေတဲ့ ကျောင်းသားအတွက် ကိုယ့်အတွက် လိုအပ်မယ့် သင်ထောက်ကူ သုတေသန စာတမ်းတွေကို အလွယ်တကူ လေ့လာ အသုံးပြုနိုင်မှာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် တောင်ကိုရီးယားမှာ ကျောင်းတက်နေဆဲဖြစ်ဖြစ်၊ ကျောင်းလာတက်ဖို့ စဉ်းစားနေရင်ဖြစ်ဖြစ် IELTS ကို လေ့လာထားတာဟာ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ကျောင်းတက်ရင်း ပညာသင်ဆုရဖို့ကနေ လုပ်ငန်းခွင်၀င်ဖို့အထိ များစွာ အထောက်အကူ ပြုတာကြောင့် လေ့လာထားသင့်ကြောင်း အကြံပြုလိုက်ပါတယ်။
ကျွန်တော်တို့ MyanGoal Edu ကနေပြီးတော့ IELTS အတွက် ပြင်ဆင်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် IELTS foundation class နဲ့ IELTS preparation class တို့ ဖွင့်လှစ်ထားပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ်
09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်







Leave a Reply
You must be logged in to post a comment.