iPhone Duo ရဲ့ ခေါက်ဆစ် အပေါ်ဘက် Display နေရာလေးဟာ ပျော့အိအိ ဖိလို့ရတဲ့ ပုံစံဖြစ်နေတာကို Weibo အသုံးပြုသူ Kang တင်ခဲ့ပြီး Ice Universe က ပြန်လည် မျှဝေခဲ့တဲ့ ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ လုံးဝ မမျှော်လင့်ထားတဲ့ ကိစ္စတော့ မဟုတ်ပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုတော့ ဖြစ်ပါတယ်။
စိတ်ကူးယဉ် အပြည့်အဝနဲ့ ဖန်တီးလေ့ရှိတဲ့ Apple ဟာ သူတို့ရဲ့ ပထမဆုံး ခေါက်ဖုန်းမှာ ခေါက်ကြောင်းရာ ထင်နေတာမျိုး လုံးဝ အဖြစ်မခံနိုင်ခဲ့ပါဘူး။ အသိအမှတ်ပြုရမှာကတော့ သူတို့ဟာ အဖြေတစ်ခုရှာတွေ့ခဲ့ပြီး ခေါက်ကြောင်းရာကို မမြင်ရသလောက်နီးပါး ဖြစ်အောင် အင်ဂျင်နီယာနည်းပညာနဲ့ ဖန်တီးနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ Hinge အပေါ်ဘက်က Display အစှန်းတန်းလေးမှာ မာကျောတဲ့ ခံစရာ အောက်ခံ ပြားပါဝင်နေတယ်လို့တော့ အဓိပ္ပါယ် မရပါဘူး။
ဒါကြောင့်မို့လို့ အဲဒီ နေရာလေးကို လက်ချောင်းနဲ့ ဖိလိုက်ရင် အနည်းငယ် ချိုင့်ဝင်သွားတာကို တွေ့ရမှာပါ။ ပိုဆိုးတာကတော့ အဲဒီ ဧရိယာတဝိုက် Screen မျက်နှာပြင်ကို ဖိလိုက်ရင် တွန့်ခေါက်ကြောင်းလေးတွေပါ ပေါ်လာနိုင်တယ်လို့ Kang က ဆိုပါတယ်။ လက်ချောင်းကို ပြန်ဖယ်လိုက်တဲ့အခါ မူလ ချောမွေ့တဲ့ မျက်နှာပြင်ဆီ ပြန်လည် ရောက်ရှိသွားပုံရပေမဲ့ ရေရှည်မှာ ဘာဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။






