Mandalay က အဆောက်အဦးပျက်စီးမှုတွေကို သိရဖို့ Microsoft က Ai နဲ့ ဂြိုလ်တုကနေ တစ်ဆင့် တွက်ချက်မှုများလုပ်ဆောင်နေ

Mandalay က အဆောက်အဦးပျက်စီးမှုတွေကို သိရဖို့ Microsoft က Ai နဲ့ ဂြိုလ်တုကနေ တစ်ဆင့် တွက်ချက်မှုများလုပ်ဆောင်နေ

March လ ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ၇.၇ ပြင်းအား ငလျင်ကြောင့် Mandalay အပါအဝင် စစ်ကိုင်းနဲ့ မြန်မာနိုင်ငံက နေရာတော်တော်များများမှာ ထိခိုက်မှုတွေ များစွာရှိလာခဲ့ပါတယ်။

ဒါ့အပြင် အိုးအိမ် တိုက်တာ အဆောက်အဦးနဲ့ လူပျောက်
စာရင်းတွေဟာလည်း အခုထိ မြင့်တက်နေဆဲဖြစ်ပါတယ်။

ဒါ့ကြောင့် Microsoft က ဂြိုလ်တုကနေတစ်ဆင့် AI နဲ့ အနီးစပ်ဆုံးတူညီတဲ့ ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို တွက်ချက်ပြီး ဖော်ပြနိုင်အောင်လုပ်နေပါပြီ။

ဒီနည်းပညာကြောင့် ပျက်စီးနေတဲ့ နေရာတွေနဲ့ အခြေနေဆိုးတဲ့ နေရာတွေကို ပိုမိုသိရှိနိုင်မှာဖြစ်ပြီး ကယ်ဆယ်မှုတွေ အမြန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီနည်းပညာနဲ့ တွက်ချက်ပေးမှုကြောင့် တိုက်တာ အပျက်အစီးတွေရဲ့ 100% နဲ့ မပျက်စီးသေးတာတွေကို 80% နှုန်းအထိ ဖော်ပြပေးခဲ့ပြီဖြစ်ပါတယ်။

ဒီနည်းပညာက အရင်ကလည်း အသုံးချဖူးသလို ယခုလို ပြင်းအားများတဲ့ အနူမြူဗုံးတစ်လုံးစာရှိတဲ့ ငလျင်
အတွက်လည်း ပျက်စီးမှုတွေကို ပြန်လည် တွက်ချက်ရာမှာ အသုံးချခဲ့တာဖြစ်ပါတယ်။


Latest