အိန္ဒိယနိုင်ငံဟာ Apple ရဲ့ iPhone ထုတ်လုပ်ရေးကဏ္ဍမှာ အဓိကအချက်အခြာနေရာတစ်ခုအဖြစ် တကယ့်ကို အရှိန်အဟုန်နဲ့ တက်လှမ်းလာနေပါပြီ

အိန္ဒိယနိုင်ငံဟာ Apple ရဲ့ iPhone ထုတ်လုပ်ရေးကဏ္ဍမှာ အဓိကအချက်အခြာနေရာတစ်ခုအဖြစ် တကယ့်ကို အရှိန်အဟုန်နဲ့ တက်လှမ်းလာနေပါပြီ။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက JP Morgan က ခန့်မှန်းခဲ့သလိုပဲ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းက iPhone ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၂၅% (တစ်နည်းအားဖြင့် ၄ လုံးမှာ ၁ လုံး) ဟာ အိန္ဒိယနိုင်ငံကနေ ထွက်ရှိလာခဲ့ပါပြီ။ ဒါဟာ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ Apple ရဲ့ ဗျူဟာမြောက် အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း iPhone ထုတ်လုပ်မှု အလုံးရေ သန်း ၂၂၀ ကျော်ရှိတဲ့အနက် ၅၅ သန်း ကို အိန္ဒိယမှာ ထုတ်လုပ်ခဲ့ပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ်ကထက် ၅၃% ကျော် တိုးတက်လာတာဖြစ်ပြီး JP Morgan ခန့်မှန်းခဲ့တဲ့ ၂၅% Milestone ကို အတိအကျ ရောက်ရှိသွားတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ ထုတ်လုပ်မှုဟာ အရင်လို Model အဟောင်းတွေတင် မဟုတ်တော့ပါဘူး။ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ iPhone 17 Series တစ်ခုလုံး (Pro နဲ့ Pro Max အပါအဝင်) ကို အိန္ဒိယမှာ တရုတ်နိုင်ငံနဲ့ တစ်ပြိုင်နက်တည်း (Simultaneously) ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Apple CEO Tim Cook ကလည်း အမေရိကန်ဈေးကွက်အတွက် ဝယ်လိုအား အများစုကို အိန္ဒိယထုတ် iPhone တွေနဲ့ ဖြည့်တင်းပေးနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမှန်တကယ်လည်း ၂၀၂၅ ဒုတိယသုံးလပတ်မှာ အမေရိကန်ကို စမတ်ဖုန်း အများဆုံး တင်ပို့တဲ့နိုင်ငံအဖြစ် အိန္ဒိယက တရုတ်ကို ပထမဆုံးအကြိမ် ကျော်တက်သွားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံအတွင်း iPhone အလုံးရေ ၁၄ သန်း ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၉ ဘီလျံ နီးပါး ရရှိခဲ့ပါတယ်။ ဒါဟာ မနှစ်ကထက် သိသိသာသာ တိုးတက်လာတာပါ။

ပြီးခဲ့တဲ့လပိုင်းကပဲ အိန္ဒိယရဲ့ ၆ ခုမြောက် Apple Store ကို ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ (မကြာသေးမီက နွိုက်ဒါ၊ ဘန်ဂလိုနဲ့ ပူနေးတို့မှာ ဆိုင်ခွဲအသစ်တွေ တိုးချဲ့ခဲ့တာပါ)။

အိန္ဒိယရဲ့ UPI (Unified Payments Interface) စနစ်နဲ့ ချိတ်ဆက်ပြီး Apple Pay ကို ၂၀၂၆ နှစ်လယ်လောက်မှာ စတင်နိုင်ဖို့ အိန္ဒိယဘဏ်ကြီးတွေ (HDFC, ICICI, Axis) နဲ့ အဆင့်မြင့်ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။


Latest