၂၀၂၅ ဒီဇင်ဘာကစပြီး AI တွေဟာ ကုဒ်ရေးရာမှာ တိကျမှုအဆင့် (Coherence) တစ်ခုကို ကျော်ဖြတ်သွားပြီ။

၂၀၂၅ ဒီဇင်ဘာကစပြီး AI တွေဟာ ကုဒ်ရေးရာမှာ တိကျမှုအဆင့် (Coherence) တစ်ခုကို ကျော်ဖြတ်သွားပြီ။ အခုဆိုရင် ၈၀% ကို AI (Agent) နဲ့ ရေးပြီး လူက ၂၀% ပဲ စစ်တော့တဲ့အထိ ပြောင်းလဲသွားပါတယ်။ “အင်္ဂလိပ်စာက အသစ်စက်စက် Programming Language ဖြစ်လာပါပြီ။”

အရင်လို ကိုယ်တိုင် Profiler တွေဖွင့်ပြီး ပြဿနာရှာစရာမလိုတော့ဘဲ Claude လို AI ကို “Heap dump ကိုဖတ်ပြီး Memory Leak ရှာပေး၊ ပြီးရင် Fix လုပ်ဖို့ PR တန်းတင်ပေး” လို့ ခိုင်းရုံနဲ့ အလုပ်ပြီးသွားပါတယ်။

Senior တွေမှာ “AI က ဒါတော့ မလုပ်နိုင်ပါဘူး” ဆိုတဲ့ အတိတ်ကအစွဲ (Legacy Baggage) ရှိနေတတ်ပေမဲ့ Junior တွေကတော့ အစွဲမရှိဘဲ ခိုင်းကြည့်ရာကနေ AI ဆီက ရလဒ်ကောင်းတွေ ပိုထုတ်နိုင်လာကြပါတယ်။

ဥပမာ: AI ကို သေနတ်တစ်လက်လို သဘောထားပါ။ အသုံးပြုပုံ (Prompt ရေးနည်း) မှန်သွားရင် အားပြင်းတဲ့ လေဆာတန်းလို ပြဿနာတွေကို အမြန်ဆုံး အရည်ပျော်ကျသွားစေနိုင်ပါတယ်။

AI က ကုဒ်တွေကို ရှုပ်ထွေးအောင် (Over-engineering) ရေးတတ်ခြင်း၊ မလိုအပ်ဘဲ Comment တွေဖျက်ခြင်း၊ လွဲမှားတဲ့ယူဆချက်တွေလုပ်ခြင်း စတာတွေ ရှိတတ်လို့ “(Watch like a hawk)” ဖို့ လိုအပ်ပါတယ်။

လူဆိုရင် လက်လျှော့လိုက်မယ့် ခက်ခဲတဲ့ Bug တွေကို AI Agent က နာရီဝက်လောက် မနားတမ်း ပတ်ပြီး (Loop) ဖြေရှင်းပေးနိုင်ပါတယ်။ ဒီလို ဇွဲရှိမှုက AGI (Artificial General Intelligence) ရဲ့ အငွေ့အသက်ပါပဲ။

Skill Atrophy (အရည်အချင်း ယိုယွင်းမှု): ကိုယ်တိုင်လက်နဲ့ ကုဒ်ရေးတဲ့စွမ်းရည် (Coding) ညံ့သွားနိုင်ပေမဲ့၊ ရေးထားတာကို စစ်ဆေးတဲ့စွမ်းရည် (Reviewing) ကတော့ ပိုကောင်းဖို့ လိုပါတယ်။ အနာဂတ်မှာ ပရိုဂရမ်မာတွေက AI တွေကို ခိုင်းရတဲ့ “Manager” တွေ ဖြစ်လာပါလိမ့်မယ်။


Latest