Skincare လုပ်ချင်တယ့်သူတွေအတွက် Day Cream ဆိုတာဘာလဲ ?

အသားအရေထိန်းသိမ်းမှုကို ပုံမှန်လုပ်ဆောင်ရကြတဲ့အခါ Day Cream ကို မပါမဖြစ် အသုံးပြုကြလေ့ ရှိပါတယ်။ ဒါပေမယ့် Day Cream ရဲ့အကြောင်း၊ ဘာအတွက်သုံးလဲ သိကြပြီးတဲ့သူတွေ ရှိသလို မသိသေးကြတဲ့ သူတွေအတွက် ဒီနေ့မှာတောာ့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။

Day Cream ဆိုတာဘာလဲ ?
နေ့ဘက် အသားအရေထိန်းသိမ်းတဲ့အခါမှာ မပါမဖြစ် နေ့စဉ်သုံးသင့်တာကတော့ Day Cream ဖြစ်ပါတယ်။ Day cream ဟာ အသားအရေအတွက် မရှိမဖြစ် လိုအပ်တဲ့ ရေဓာတ်ကို ပေးစွမ်းရုံသာမက လေထုညစ်ညမ်းမှု၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တာမျိုးတွေလို ပတ်ဝန်းကျင်ကနေ အရေပြားကို ထိခိုက်စေတတ်တာတွေကို အကာအကွယ်တစ်ခု အဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။ ဒီလို ပြင်ပကအရာတွေဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေဖြစ်တဲ့ အရေးအကြောင်းတွေ၊ အသားအရေ လျော့ရဲခြင်းနဲ့ အမည်းစက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တချို့ day cream တွေဟာ အသားအရေကို အန္တရာယ်ရှိစေတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက် SPF ပါဝင်ပါတယ်။

Day Cream ကို ညဘက်သုံးလို့ရလား ?
တချို့ moisturizer တွေကတော့ နေ့ရောညပါ လိမ်းဖို့လုံလောက်ပေမယ့် ပစ္စည်းတိုင်းဟာ သီးခြားပါဝင်ပစ္စည်းတွေနဲ့ ဂုဏ်သတ္တိတွေ မတူတာကြောင့် ဘက်စုံသုံးလို့ ရမရကို ထည့်သွင်းစဉ်းစားထားဖို့ အရေးကြီးပါတယ်။ Day cream တွေက ပိုမိုပေါ့ပါးတဲ့ texture ရှိတာကြောင့် နေ့ခင်းဘက်မှာ သုံးတာနဲ့ makeup base အဖြစ်သုံးတာက အသင့်လျော်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ဒဏ်ကိုလဲ ကာကွယ်ပေးနိုင်တာကြောင့် နေ့ဘက်မှာ သုံးတာက အကောင်းဆုံးဖြစ်ပါတယ်။

Day Cream နဲ့ Moisturizer ကွာခြားချက်ကဘာလဲ ?
Day Cream နဲ့ Moisturizer ဆိုတဲ့ အသုံးအနှုန်းကို မကြာခဏ သုံးနေကြပေမယ့် ဒီပစ္စည်းနှစ်ခုမှာ ခြားနားချက်ရှိပါတယ်။ Day Cream မှာ SPF နဲ့ ဗီတာမင် C တို့လို အသားအရေကို တောက်ပကြည်လင်စေတဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်ထားတာကြောင့် နေ့ဘက်မှာ အသားအရေကို ကာကွယ်မှုပေးတဲ့အပြင် အားဖြည့်ပေးပါတယ်။ တခြားတဖက်မှာတော့ moisturizer တွေက များသောအားဖြင့် အသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့ ထုတ်ကုန် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Day Cream ကိုနေ့တိုင်းသုံးလို့ရလား ? ဘယ်လိုသုံးရမလဲ ?
Day Cream ကို နေ့စဥ်သုံးသင့်ပြီး အသားအရေထိန်းသိမ်းတတ်တဲ့ အလေ့အကျင့်ကိုလဲ သေချာလေး လိုက်လုပ်သင့်ပါတယ်။ ကျွမ်းကျင်သူအများစုကတော့ Day Cream ကို နေ့စဥ်သုံးခြင်းဟာ အရေပြားအပေါ် အကျိုးသက်ရောက်မှုကောင်း ရနိုင်ပြီး မကြာခင်မှာဘဲ ကိုယ့်ရဲ့ အရေပြား တိုးတက်ပြောင်းလဲမှုတွေကို ခံစားနိုင်မယ်လို့ ပြောကြပါတယ်။

နေ့စဥ် အသားအရေထိန်းသိမ်းမှုရဲ့ ပထမအချက်အနေနဲ့ မနက်ခင်း မျက်နှာ သန့်စင်ပြီးတဲ့အခါမှာ Day Cream ကို အသုံးပြုခြင်းဟာ အသားအရေကို တစ်နေ့တာ အစိုဓာတ်ထိန်းပေးပြီး အပြင်ထွက်တဲ့အခါ အသားအရေကို ထိခိုက်မှုနည်းစေမှာပါ။

#daycream #myangoal #shopping #korea #Myanmar #skincare #cosmetics


Latest