Sunscreens ကို ဘာအတွက် အဓိက သုံးကြလဲ ?

ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်သက်ပြီးတော့ ပြောရရင်တော့ နေရောင်ခြည်ဆိုတာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို 80 ရာခိုင်နှုန်းအထိ ဖြစ်စေပါတယ်။ ဒါကြောင့် နေပူထဲထွက်တဲ့အခါ အသားအရေကို အန္တရာယ်ဖြစ်စေတဲ့ ရောင်ခြည်တွေကနေ ကာကွယ်ဖို့ အရေးကြီးပါတယ်။

ကိုရီးယား sunscreen တွေဟာ သူတို့ရဲ့အဆင့်မြင့်ဖော်မြူလာတွေ၊ ဆန်းသစ်တဲ့နည်းတွေနဲ့ နှင့် သူတို့ရဲ့ အသားအရေကို မြင့်မားစွာ အကာအကွယ် ပေးနိုင်တဲ့အချက်တွေကြောင့် လူသိများပါတယ်။

နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားအိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့အတွက် sunscreen ကို အသုံးပြုပြီး အလွယ်တကူ လျှော့ချနိုင်ပါတယ်။ တောင်ကိုရီးယားမှာ sunscreen ကို ငယ်စဉ်ကလေးဘဝ ကတည်းက စတင်အသုံးပြုကြပြီး သွားတိုက်ခြင်းလိုမျိုး တနေ့တာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပုံမှန်ပြုလုပ်ကြပါတယ်။

Sunscreen တွေမှာ SPFဆိုတဲ့ တံဆိပ်ပါတတ်ပါတယ်။ ဒါက ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ သိတဲ့လူတွေလဲ ရှိသလို မသိကြသေးတဲ့ သူတွေရှိပါတယ်။ ဒါဆို SPF ဆိုတာ ဘာကို ဆိုလိုတာလဲ ?
SPF ဆိုတာ sun protection factor ရဲ့ အတိုကောက်ဖြစ်ပြီး ဥပမာ SPF 50 ပါတဲ့ပစ္စည်းတွေဆိုရင် နေလောင်ဒဏ်မခံရဘဲ နေပူထဲတွင် ခရမ်းလွန်ရောင်ခြည် B (UVB) ကို ကာကွယ်နိုင်ပြီး အချိန်ကြာကြာ နေနိုင်ပါတယ်။ အရေပြားကို ခရမ်းလွန်ရောင်ခြည် နှစ်မျိုးဖြစ်တဲ့ UVA နှင့် UVB ရောင်ခြည်နှစ်မျိုးတို့ကို ကာကွယ်ရန် လိုအပ်ပါတယ်။ UVA မှာပါတဲ့ A ကတော့ ageing ဖြစ်ပြီး‌တော့ UVB မှာပါတဲ့ B ကတော့ burning ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

SPF ရဲ့နောက်မှာပါတဲ့ နံပါတ်က ဘာကို ဆိုလိုတာလဲ?
SPF နောက်မှာပါတဲ့ နံပါတ်အရေအတွက်ဟာ SPF ပါတဲ့ sun scream လိမ်းပြီးရင် နေလောင်ဒဏ်ကို အချိန်ဘယ်လောက်ခံနိုင်သလဲ ဆိုတာကို ဖော်ပြတာဘဲဖြစ်ပါတယ်၊၊ ဥပမာအနေနဲ့ sunscream မလိမ်းဘဲ ၁၀ မိနစ်ခန့်အကြာတွင် နေလောင်ခံရင် SPF 30 ပါ၀င်တဲ့ sunscream ကိုလိမ်းခြင်းဟာ 10 မိနစ် x 30 = 300 မိနစ်နဲ့ ညီမျှတာကြောင့် နေလောင်ဒဏ်ကို 5 နာရီခန့် ကာကွယ်နိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ SPF နံပါတ်တွေဟာ 2+ ကနေ 50+ အထိ ရှိနိုင်ပြီးတော့ ဒီနံပါတ်ပိုများလေ နေလောင်ဒဏ် ကာကွယ်မှု ပိုကောင်းလေဖြစ်ပါတယ်။ နေ့စဉ်အသုံးပြုဖို့ အကြံပြုထားတာကတော့ UVA ကိုလဲ ကာကွယ်ပေးနိုင်ပြီး အနိမ့်ဆုံး 15+ ရှိရပါမယ်။

UVA နှင့် UVB ရောင်ခြည်နှစ်မျိုးလုံးကို မမြင်နိုင်ပေမယ့် ဒီရောင်ခြည်နှစ်ခုလုံးကို တစ်နှစ်ပတ်လုံး ထိတွေ့နေရပါတယ်။ UVA ရောင်ခြည်တွေဟာ မှန်ပြတင်းပေါက်တွေကနေ တဆင့်လဲ စိမ့်ဝင်နိုင်တာကြောင့် အပြင်ဘက်မှာ မိုးရွာနေရင် ဒါမှမဟုတ် ဧည့်ခန်းထဲမှာ ထိုင်နေရင်တောင် အရေပြားကို ကာကွယ်ရန် လိုအပ်ပါတယ်။ ဒီလိုUVA ရောင်ခြည်တွေ အသားအရေထဲကို စိမ့်ဝင်တာ အချိန်ကြာလာတာနဲ့အမျှ အရေပြားမှာ သေးငယ်သောအစင်းကြောင်းတွေ၊ အရေးအကြောင်းတွေပေါ်လာပြီး အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ UVB ရောင်ခြည်တွေနဲ့ ထိတွေ့မှုကတော့ အချိန်၊ ရာသီနှင့် တည်နေရာအလိုက် ကွဲပြားပါတယ်။ မြင့်မားတဲ့တေင်ပေါ်ဒေသတွေ ရောက်တဲ့အခါ လေထုက ပိုပါးတဲ့အတွက် UVB rays တော်တော်များများကို စစ်ထုတ်လို့ မရတာကြောင့် အမြင့်တွေမှာ အရေပြားကို ပျက်စီးစေပါတယ်။ ဒီတော့ တောင်တက်ခရီးစဉ်တွေမှာ SPF sun caream ကိုအသုံးပြုခြင်းကလဲ ကမ်းခြေပေါ်မှာ လိမ်းသလိုမျိုးဘဲ အရေးကြီးပါတယ်။

ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကင်ဆာဖြစ်စေသော အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သောကြောင့် UVA နှင့် UVB ရောင်ခြည်နှစ်မျိုးလုံးကို ကာကွယ်ခြင်းသည် သင့်အသားအရေ၏ နုပျိုသောအသွင်အပြင်ကို ထိန်းသိမ်းထားရုံသာမက ကျန်းမာရေးကိုလည်း ကာကွယ်ပေးပါတယ်။
ကိုရီးယား sun cream တွေမှာ “UVA ကာကွယ်မှုအဆင့်” ဆိုတဲ့ ဝေါဟာရ၏ အတိုကောက်ဖြစ့် PA (Protection Grade of UVA Rays) တံဆိပ်ကိုလည်း တွေ့ရပါတယ်။ Sun cream မှာပါတဲ့ UVA ရောင်ခြည်ကို ကာကွယ်သည့်အဆင့်ကို တိုင်းတာတဲ့ စကေးတစ်ခုဖြစ်ပါတယ်။ UVA ရောင်ခြည်တွေဟာ UVB ထက် ပိုရှည်ပြီး လောင်ကျွမ်းမှု နည်းပါး‌ပေမယ့် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တဲ့ အရေပြားရဲ့ အိုမင်းရင့်ရော်မှုကို သိသာထင်ရှားစေပါတယ်။

ဒါကြောင့် SPF မြင့်မားပြီး PA မြင့်တဲ့ ထုတ်ကုန်တွေကို ရွေးချယ်တဲ့အခါ အကောင်းဆုံး ကာကွယ်မှုကို ရရှိစေမှာပါ။ PA တန်ဖိုးများလေ UVA rays ဒဏ်ကို ပိုခံနိုင်လေ ဖြစ်ပါတယ်။

PA+: UVA ကာကွယ်မှု အားနည်း
PA++: UVA ကာကွယ်မှု အလယ်အလတ်
PA+++: UVA ကာကွယ်မှု ကောင်း
PA++++: UVA ကာကွယ်မှု အလွန်ကောင်းမွန်
ကဲ ဒါဆိုရင်တော့ ဘယ်လို sunscreen မျိုးကို ရွေးချယ် ဝယ်ယူသင့်လဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။
#sunscreen #suncream #uvprotection #korea #beauty #myanmar #MyanGoal


Latest