စမတ်မျက်မှန် မိတ်ဆက်လိုက်တဲ့ ဇူကာဘတ်

Facebook ရဲ့ပဲ့ကိုင်ရှင်ကြီး ဇူကာဘတ်ကိုယ်တိုင် မိတ်ဆက်ခဲ့တဲ့ AI Glass
ပြီးခဲ့တဲ့အပတ်က မိတ်ဆက်ခဲ့တဲ့ Meta Connect မှာ ပြသွားတဲ့ Products တွေထဲမှာ Orion လို့ခေါ်တဲ့ စမတ်မျက်မှန်လည်း ပါဝင်ခဲ့ပါတယ်။
ဒီ စမတ်မျက်မှန်က ဒီတိုင်းကြည့်ရင်တော့ ရိုးရိုး နေကာမျက်မှန်လို့ပဲထင်မှာပဲ။ ဒါပေမယ့် အဲ့ထက်ပိုပါတယ်။
ဒီ မျက်မှန်မှာ ထူးချက်အနေနဲ့ AI Assistant တွေပါဝင်ပြီး ပြောရရင်တော့ Apple Vision Pro ကို ပို အဆင့်မြှင့်ထားသလို လုပ်ထားတာပါပဲ။
သူ့မှာ ပိုလန်းသွားတာတစ်ခုက ကျွန်တော်တို့ရဲ့ မှတ်ညဏ်တွေထဲက signal ကို မျက်မှန်က ပြန်ဖမ်းပြီး neural interface လို အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ နောက်ပြီး လက်နဲ့ပါ ဒါတွေကို Gesture တွေကို ဖန်တီးပြီး အသုံးချနိုင်မှာဖြစ်လို့ တော်တော်လေး
လန်းတယ်လို့ပြောရမှာပါပဲ။
ဒီ မျက်မှန်နဲ့ Game ဆော့တာ၊ ရုပ်ရှင်ကြည့်တာ နေ့စဥ် Activity တွေမှာ အများကြီး အသုံးချလို့ရနိုင်
မယ်လို့ မတ်ဇူဂါဘတ်ကတော့ ပြောသွားပါတယ်။
ဒီ ပစ္စည်းက လက်ရှိမှာ စမ်းသပ်နေတဲ့ ကာလမှာပဲရှိပြီး ရောင်းချတာတော့မရှိသေးဘူးလို့သိရပါတယ်။

Latest