Your cart is currently empty!
iPhone 16 မှာ ပါဝင်တဲ့ Camera Control က ဘယ်လို အလုပ်လုပ်လဲ ?
တော်တော်များများလက်ထဲကို အခုဆို iPhone 16 တွေက ရောက်လာပြီဆိုတော့ Camera Control ကိုတော့ တော်တော်များများ စမ်းနေကြပြီလို့ထင်ပါတယ်။
တစ်ချို့ကလည်း ဒီ Feature ကို အသုံးပြုရခက်တယ်ဆိုပြီး ပြောပြထားတာတွေရှိတဲ့အတွက် အသုံးပြုရလွယ်အောင် ရှင်းပြပေးပါမယ်။
Camera Control ကတော့ iPhone 16 တွေမှာ Physical အနေနဲ့ နှိပ်လို့ရတဲ့ ခလုတ်အနေနဲ့ပါဝင်လာပါတယ်။
ဒါပေမယ့် ဒီ ခလုတ်က နှိပ်လို့လည်းရသလို Touch သဘောမျိုးလည်း သုံးလို့ရပါတယ်။
နောက်ပြီး တစ်ချက်နှိပ်မယ်ဆိုရင် Camera App ထဲကို ရောက်မှာဖြစ်ပြီး နောက်တစ်ချက်ထပ်နှိပ်ရင်တော့ Shutter Button ကို နှိပ်ပြီး ဓာတ်ပု့ရိုက်ပေးမှာဖြစ်ပါတယ်။
နောက်ပြီး ကြာကြာလေး ဖိထားလိုက်မယ်ဆိုရင်တော့ Video Record လုပ်ပေးမှာဖြစ်ပါတယ်။
Exposure နဲ့ တစ်ခြား Filter တွေကိုသုံးချင်တယ်ဆိုရင် Press လေးလုပ်ထားပြီး Button ကို Swipe လုပ်မယ်ဆိုရင်တော့ တခြား Feature တွေကို ရွေးချယ်လို့ရနိုင်မှာဖြစ်ပါတယ်။
လုံးဝမိုက်လို့ စမ်းကြည့်လိုက်တော့နော်။







Leave a Reply
You must be logged in to post a comment.