Your cart is currently empty!
တရုတ်နွေဦးပွဲတော်မှာ လူတွေကို အံ့သြသွားစေတဲ့ Unitree G1 များ
ပြီးခဲ့တဲ့ တရုတ်နွေဦးပွဲတော် (Spring Festival Gala) မှာ ပရိသတ်တွေ ပါးစပ်အဟောင်းသား ဖြစ်သွားရတာကတော့ Unitree G1လို့ခေါ်တဲ့ လူသားပုံစံ စက်ရုပ်တွေကြောင့်ပါပဲ။ သူတို့က ရိုးရိုးစက်ရုပ်တွေလို တောင့်တောင့်ကြီး မဟုတ်ဘဲ လူတွေနဲ့တောင် သိုင်းကွက်အပြန်အလှန် တိုက်ပြသွားတာပါ။
ကျွမ်းထိုးနိုင်တဲ့ စက်ရုပ် တွေက စင်မြင့်နံရံပေါ်ကို ပြေးတက်ရုံတင်မကဘဲ လေထဲမှာ ကျွမ်းထိုးပြနိုင်တဲ့အထိ ဟန်ချက်ထိန်းနိုင်စွမ်းက အံ့မခန်းပါပဲ။
လူသားသရုပ်ဆောင်တွေနဲ့အတူ သိုင်းကွက်တွေကို ဟန်ချက်ညီညီ ကပြသွားတာက ကြည့်ရတာ ရုပ်ရှင်ထဲကအတိုင်းပဲ။
ဒါဟာ တရုတ်နိုင်ငံရဲ့ AI နည်းပညာနဲ့ စက်ရုပ်ထုတ်လုပ်မှုက ဘယ်လောက်အထိ ထိပ်တန်းရောက်နေပြီလဲဆိုတာကို ကမ္ဘာကို ကြွားလိုက်တာပါပဲ။
အွန်လိုင်းက မှတ်ချက်လေးတွေကလည်း ရယ်ရတယ်နော် ဒီသတင်းအောက်မှာ Reddit အသုံးပြုသူတစ်ယောက်ကတော့ အားလုံးရဲ့ ရင်ထဲကစကားကို အခုလိုပဲ ပြောသွားပါတယ်။
“တကယ်တော့ မိုက်တော့ မိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အိမ်မှာ သန့်ရှင်းရေးလုပ်ပေးပြီး အဝတ်လျှော်ပေးမယ့် စက်ရုပ်တစ်ရုပ်လောက်ပဲ အရင်ရနိုင်မလား” တဲ့။
တကယ်တော့လည်း ဟုတ်တာပါပဲ။ သိုင်းတိုက်တာကတော့ ထားပါဦး၊ အိမ်အလုပ် ကူလုပ်ပေးနိုင်ရင်တော့ အိမ်ရှင်မတွေရော၊ လူပျိုကြီးတွေရော တန်းစီတိုးဝယ်ကြမှာ အသေအချာပါပဲ။






