တရုတ်မှာသုံးနေကြပြီဖြစ်တဲ့ 10G အင်တာနက် စနစ်

တရုတ်မှာသုံးနေကြပြီဖြစ်တဲ့ 10G အင်တာနက် စနစ်

5G တွေ 6G တွေနဲ့ Telecom Company တွေ ခေါင်းစားနေချိန်မှာ တရုတ်ကတော့ တစ်ကွက်ပြလိုက်ပြီဖြစ်ပါတယ်။

10G ဆိုတဲ့ အားက တကယ်တမ်းစဥ်းစားကြည့်မယ်ဆိုရင် တော်တော်လေးကိုများတဲ့ နှုန်းလို့ပြောရမှာပါ။

ဘယ်လောက်တောင်မှ မြန်လည်းဆိုရင် ၁ စက္ကန့်ကို 10 Gigabytes အထိရှိမှာဖြစ်ပြီး Video တွေကို တစ်ခဏလေးတွေအတွင်း Download လုပ်နိုင်သလို လိုင်းထစ်တာ ဘာညာ ဘာတစ်ခုမှ ရှိတော့မှာမဟုတ်ဘူးလို့သိရပါတယ်။

ဒီနည်းပညာကိုတော့ တရုတ်နိုင်ငံရဲ့ နည်းပညာမြို့တော် Xiongan မှာ သုံးနေတာဖြစ်ပြီး ဒီအင်တာနက် Speed ကနေပြီးတော့ AI နဲ့ပတ်သက်တာတွေကို အကြီးအကျယ်လုပ်မှာဖြစ်ပြီး မောင်းသူမဲ့ ကားတွေရယ်၊ EV ကားတွေနဲ့ နည်းပညာကို တနိုင်ငံလုံးတွင်တွင်ကျယ်ကျယ်အသုံးပြုလို့ရနိုင်အောင် ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ တော်တော်လေးလူပြောများနေပြီး တရုတ်တွေရဲ့ Skill ကတော့ တော်ရုံနိုင်ငံလိုက်မှီဖို့ဆိုတာက မတွေးရဲစရာတွေဖြစ်လာလို့နေပါပြီ။


Latest