ပျောက်ဆုံးသွားတဲ့ မင်္ဂလာလက်စွပ်တွေကို ပြန်ရှာဖို့အတွက် British Columbia ပြည်နယ်၊ Mission မြို့က အမှိုက်ပုံကြီးမှာရှိတဲ့ အမှိုက်တန်ချိန် ၁၈ တန် ကြားထဲမှာ ရှာဖွေခဲ့တဲ့ အမျိုးသား

ကနေဒါနိုင်ငံက အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူရဲ့ ပျောက်ဆုံးသွားတဲ့ မင်္ဂလာလက်စွပ်တွေကို ပြန်ရှာဖို့အတွက် British Columbia ပြည်နယ်၊ Mission မြို့က အမှိုက်ပုံကြီးမှာရှိတဲ့ အမှိုက်တန်ချိန် ၁၈ တန် ကြားထဲမှာ ရှာဖွေခဲ့ရပါတယ်။

Steve Van Ysseldyk ရဲ့ ပြောပြချက်အရ လက်စွပ်တွေဟာ ပြန့်ကျဲနေတဲ့ ပြောင်းဖူးပေါက်ပေါက် (Popcorn) အိတ်ထဲကို မှားပြီး ကျွံဝင်သွားခဲ့တာဖြစ်ပြီး၊ အဲ့ဒီအိတ်ကို မြေဩဇာလုပ်မယ့် အမှိုက်အိတ်ထဲ ထည့်မိရာကနေ အမှိုက်ကားက လာသိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

Van Ysseldyk ဟာ ဂေါ်ပြားတစ်လက်၊ လက်အိတ်တစ်စုံနဲ့အတူ အမှိုက်ပုံဆီကို သွားရောက်ခဲ့တာဖြစ်ပြီး၊ အမှိုက်ပုံက ဝန်ထမ်း Denny Webster ကလည်း မြေတူးစက်တစ်စီးနဲ့ ကူညီပေးခဲ့ပါတယ်။

ကံကောင်းတာကတော့ သူဟာ အမှိုက်ပုံထဲက သူ့မိသားစု စွန့်ပစ်လိုက်တဲ့ စားကြွင်းစားကျန်တွေနဲ့ အမှိုက်တချို့ကို မှတ်မိသွားခဲ့ပြီးနောက် တစ်နာရီခန့်အကြာမှာပဲ လက်စွပ်တွေကို အောင်မြင်စွာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


Latest