ဖုန်းလိုင်းမမိတဲ့ တောတောင်တွေ၊ လျှိုမြောင်တွေထဲ ခရီးသွားရတာ ဝါသနာပါတဲ့သူတွေအတွက် သတင်းကောင်းလာပြီ

ဖုန်းလိုင်းမမိတဲ့ တောတောင်တွေ၊ လျှိုမြောင်တွေထဲ ခရီးသွားရတာ ဝါသနာပါတဲ့သူတွေအတွက် သတင်းကောင်းလာပြီနော်။ Apple ကနေ iPhone နဲ့ iPad တွေအတွက် ဂြိုဟ်တုအင်တာနက် (Satellite Internet) ကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်မယ့် အလန်းစား Smart Case တစ်မျိုးကို ဖန်တီးနေပါတယ်။

✨ ဂြိုဟ်တုလိုက်ရှာနေစရာ မလိုတော့ဘူး အရင် iPhone 14 တွေမှာပါတဲ့ Emergency SOS က ကောင်းကင်ကို လက်နဲ့ချိန်နေရလို့ အလုပ်ရှုပ်ပေမဲ့၊ အခု Case အသစ်မှာတော့ Phased Array Antenna စနစ် ပါဝင်လာမှာပါ။ ဆိုလိုတာက ဖုန်းကို ဟိုရွှေ့ဒီရွှေ့လုပ်စရာမလိုဘဲ ကောင်းကင်က ဂြိုဟ်တုတွေကို အလိုအလျောက် ဖမ်းယူချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

✨ အင်တာနက် ပိုမြန်၊ ပိုစိတ်ချရ ကာဗာကို ဖွင့်လိုက်တာနဲ့ အင်တင်နာက ကောင်းကင်ကို တိုက်ရိုက်မျက်နှာမူပြီးသား ဖြစ်သွားမှာပါ။ အင်တင်နာ အကြီးကြီးဖြစ်သွားတဲ့အတွက် ဒေတာပေးပို့မှုတွေက အရင်ထက် ပိုမြန်လာမှာဖြစ်သလို၊ သစ်ပင်တွေ ကွယ်နေရင်တောင် အဆင်ပြေပြေ သုံးနိုင်အောင် ဖန်တီးထားတာပါ။

အသုံးပြုရတာ အရမ်းလွယ်ကူမယ် ဒီ Case က သာမန်ကာဗာတွေလိုပဲ တပ်ရ၊ ဖြုတ်ရ လွယ်ကူပါတယ်။ iPad တွေမှာဆိုရင် Smart Connector ကနေ အားသွင်းနိုင်ပြီး၊ iPhone နဲ့ Case ကြားကိုတော့ NFC လို ကြိုးမဲ့စနစ်နဲ့ ဒေတာပို့ဆောင်မှာပါ။

Apple ရဲ့ ရည်မှန်းချက်ကတော့ ဖုန်းလိုင်းမရှိတဲ့ ကမ္ဘာ့အစွန်အဖျား နေရာတိုင်းမှာ ဂြိုဟ်တုအင်တာနက်ကို အပြည့်အဝ သုံးနိုင်ဖို့ပါပဲ။ ဒီနည်းပညာသာ တကယ်ထွက်လာရင်တော့ ခရီးသွားဝါသနာရှင်တွေနဲ့ Adventurers တွေအတွက် အကောင်းဆုံး လက်ဆောင်ဖြစ်လာမှာ အသေအချာပါပဲ။


Latest