Your cart is currently empty!
အခုခေတ်မှာ ကင်မရာငှားသုံးတာ မဆန်းတော့ပေမဲ့ စမတ်ဖုန်းကို ငှားသုံးတာ ကတော့ လူငယ်တွေကြားမှာ Trend အသစ်တစ်ခု ဖြစ်လာနေပါတယ်။ CNA Insider ရဲ့ ဖော်ပြချက်အရ အင်ဒိုနီးရှားလို နိုင်ငံမျိုးမှာ လူငယ်တွေဟာ စျေးကြီးတဲ့ ဖုန်းတွေကို အပိုင်ဝယ်မသုံးတော့ဘဲ လိုအပ်တဲ့အချိန်မှသာ ငှားရမ်းအသုံးပြုတဲ့ စနစ်ကို ပိုမိုနှစ်သက်လာကြပါတယ်။
အင်ဒိုနီးရှားက Sewa iPhone YK လို ဖုန်းငှားရမ်းတဲ့ Service တွေမှာ ဖုန်းတစ်လုံးကို (၆) နာရီကနေ တစ်ပတ်အထိ စိတ်ကြိုက်ငှားရမ်းနိုင်ပါတယ်။ ထူးခြားချက်ကတော့ ငှားရမ်းသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ iPhone တွေကိုပဲ ရွေးချယ်ကြပြီး ကျန် ၂၀ ရာခိုင်နှုန်းကသာ Android ဖုန်းတွေကို ငှားကြတာပါ။
Model အဟောင်းများတွေက တစ်ရက်ကို $6.5 ခန့်ဖြစ်ပြီး နောက်ဆုံးထွက် Model မြင့်တွေကတော့ တစ်ရက်လျှင် $25 ခန့်နဲ့ ငှားကြပါတယ်။
အဓိကအချက်ကတော့ Content Creation အတွက်ပါ။ ဥပမာ- ဘွဲ့နှင်းသဘင်ပွဲတက်ဖို့၊ ခရီးသွားရင်း Video ရိုက်ဖို့ ဒါမှမဟုတ် အရေးကြီးတဲ့ အလုပ်ကိစ္စအတွက် Camera ကောင်းကောင်းပါတဲ့ ဖုန်းလိုအပ်တဲ့အခါ တစ်ရက်၊ နှစ်ရက် ငှားသုံးလိုက်တာက ပိုပြီးထိရောက်ပါတယ်။
Gen Z တွေရဲ့ အမြင်မှာတော့ ဒါဟာ ငွေရေးကြေးရေးအရ အများကြီး ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။
ဝယ်ကိုင်ရင် အနည်းဆုံး $500 ကနေ $1000 ကျော် အထိ ရင်းနှီးရပါမယ်။ ငှားကိုင်ရင်တော့ တစ်နှစ်ကို အရေးကြီးတဲ့ရက် (၁၀) ရက်လောက်ပဲ Model အမြင့်ဆုံးဖုန်းကို ငှားသုံးမယ်ဆိုရင်တောင် $100 အောက် ပဲ ကျသင့်မှာပါ။
ဒါကြောင့် စျေးကြီးတဲ့ဖုန်းတွေကို ငွေအများကြီးပေးပြီး အကြွေးနဲ့ ဝယ်မယ့်အစား လိုတဲ့အချိန်မှပဲ ငှားသုံးလိုက်တာက ပိုပြီး Budget သက်သာစေတယ်လို့ ခေတ်သစ်လူငယ်တွေက ယူဆလာကြတာပဲ ဖြစ်ပါတယ်။






