Your cart is currently empty!
မီးပျက်သွားလို့ “ငိုင်” သွားတဲ့ Waymo စက်ရုပ်ကားများ
နည်းပညာတွေ ဘယ်လောက်ပဲ မြင့်မားနေပါစေ၊ အခြေခံအဆောက်အအုံဖြစ်တဲ့ “လျှပ်စစ်မီး” မရှိရင်တော့ စမတ်ကားတွေလည်း တိုင်ပတ်နိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့ စနေနေ့ညက San Francisco မှာ မြင်တွေ့ခဲ့ရပါတယ်။
PG&E ဓာတ်အားခွဲရုံ မီးလောင်မှုကြောင့် San Francisco တစ်မြို့လုံးနီးပါး မီးမှောင်အတိကျသွားပြီး မီးပွိုင့်တွေပါ အလုပ်မလုပ်တော့တဲ့ အခြေအနေမှာ Waymo မောင်းသူမဲ့ကားတွေ ဟာ လမ်းလယ်ခေါင်နဲ့ လမ်းဆုံတွေမှာ ရှေ့ဆက်မတိုးရဲဘဲ အစုလိုက်အပြုံလိုက် ရပ်တန့်သွားခဲ့ပါတယ်။
လမ်းဆုံတွေမှာ Waymo ကားတွေက အချက်ပေးမီးတွေပြပြီး တန့်နေတာကြောင့် လူမောင်းတဲ့ကားတွေပါ သွားလာရခက်ခဲပြီး ပိတ်ဆို့မှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။
အခြေအနေက တော်တော်လေး ဆိုးရွားခဲ့တာကြောင့် မြို့တော်ဝန်ကိုယ်တိုင် ရဲတွေကိုလွှတ်ပြီး စက်ရုပ်ကားတွေကို ဖယ်ရှားဖို့နဲ့ ယာဉ်ကြောရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ရပါတယ်။
Waymo ဘက်က အခြေအနေကို ထိန်းချုပ်ဖို့အတွက် တစ်မြို့လုံးမှာရှိတဲ့ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ခေတ္တရပ်ဆိုင်းလိုက်ရပါတယ်။






