Your cart is currently empty!
Tesla က ပြီးခဲ့တဲ့ အပတ်တုန်းက i-Robot ရုပ်ရှင်ထဲကလို စက်ရုပ်တွေနဲ့ လူတွေကို သယ်ပေးတဲ့ ကားတွေနဲ့ ဇာတ်ကားထဲမှာ Will Smith စီးသလို ကားမျိုးကို မိတ်ဆက်သွားခဲ့ပါတယ်။
Warner Bros ရုပ်ရှင်စတူဒီယိုမှာ ကျင်းပသွားတဲ့ We, Robot ပွဲမှာ Tesla က နှစ်ယောက်စီး မောင်းသူမဲ့ Cybercab ကား အပြင် Robovan နာမည်နဲ့ ခရီးသည်တင်ဗင်ကားရှေ့ပြေးဒီဇိုင်းလည်း ပြသသွားပါတယ်။
ကားပုံစံက ရုတ်တရပ်ကြည့်ရင် ကျည်ဆံရထားအသေးစားလေးနဲ့ ဆင်ပြီး မောင်းသူမဲ့ယာဉ်ဖြစ်လို့ စတီယာရင်လည်း ပါမှာ မဟုတ်ပါဘူး။
ဒါ့အပြင် စက်ရုပ်တွေပါ မိတ်ဆက်သွားပြီး လူတွေ လုပ်သလို ကားမောင်းတာတွေ မုန့်လုပ်တာတွေ အထိကို ညဏ်ရည်တုနဲ့ လူတစ်ယောက်နဲ့ စကားပြောနေသလိုကို လုပ်ထားတာဆိုတော့ အနာဂတ်မှာပြောင်းလဲမှုတွေ ဖြစ်လာမှာတော့ အမှန်ပါပဲ။
ဒါပေမယ့် i-robot ထဲကလို စက်တွေက လူသားတွေ နေရာမှာ အစားထိုးလာမယ်ဆိုရင်တော့ စဥ်းစားစရာတွေ ဖြစ်ကုန်မှာတော့ အမှန်ပါပဲ။







Leave a Reply
You must be logged in to post a comment.