Your cart is currently empty!
သမ္မတ Donald Trump က TikTok အတွက် တတိယအကြိမ် ၉၀ ရက်သက်တမ်းတိုးပေးမည်
အမေရိကန်သမ္မတ Donald Trump ဟာ TikTok ကို အမေရိကန်ကုမ္ပဏီတစ်ခုထံ ရောင်းချရန် သက်တမ်းသတ်မှတ်ထားတဲ့ ဇွန် ၁၉၊ ၂၀၂၅ ရက်နေ့မှာ အသက်ဝင်မယ့် ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ၉၀ ရက် (စက်တင်ဘာလအထိ) သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဇွန် ၁၇၊ ၂၀၂၅ မှာ ကြေညာခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ TikTok ရဲံ တရုတ်ပိုင်ဆိုင်သူ ByteDance ကို အမေရိကန်ပိုင် Company တစ်ခုကို ရောင်းချဖို့ အချိန်ပိုပေးလိုက်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ရဲ့ ထုတ်ပြန်ချက်အရ၊ သမ္မတ Trump ဟာ ဒီ သက်တမ်းတိုးမြှင့်မှုကို ယခုသီတင်းပတ်အတွင်း အမိန့်ပြန်တမ်းဖြင့် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး၊ “သမ္မတ Trump က TikTok ကို ပိတ်ပင်လိုခြင်း မရှိဘူးလို့သိရပါတယ်။ ဒီ ရက် ၉၀ သက်တမ်းတိုးမြှင့်မှုဟာ အမေရိကန်ပြည်သူတွေ TikTok ကို ဆက်လက်အသုံးပြုနိုင်ဖို့နဲ့ သူတို့ရဲ့ ဒေတာတွေကို လုံခြုံစိတ်ချရမှု ရှိစေရန် အတွက် ဒီသဘောတူညီမှုကို အပြီးသတ်ဖို့ အစိုးရအဖွဲ့မှ လုပ်ဆောင်မယ်” လို့ သူက ပြောကြားခဲ့ပါတယ်။






