Your cart is currently empty!
အချမ်းသာဆုံး ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ပါဝင်လာတဲ့ လာဘူဘူအရုပ်ကုမ္ပဏီ ရဲ့ CEO
လာဘူဘူအရုပ် ထုတ်လုပ်တဲ့ အရုပ်ကုမ္ပဏီ Pop Mart ရဲ့ စီအီးအိုဖြစ်သူ ဝန်နင်းဟာ တရုတ်ပြည်ရဲက အချမ်းသာဆုံး ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ပါဝင်လာတယ်လို့ Forbes ကဖော်ပြပါတယ်။
အသက် ၃၈ နှစ်ပဲရှိသေးတဲ့ စီအီးအို ဝန်နင်းဟာ လာဘူဘူအရုပ်များကို ကမ္ဘာအနှံ့က အရုပ်ချစ်သူတွေကြား ရေပန်းစားအောင် ထုတ်လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၂၂.၇ ဘီလျံထိ ရှိလာနေပြီဖြစ်ပါတယ်။
Pop Mart ကုမ္ပဏီက ထုတ်လုပ်တဲ့ လာဘူဘူအရုပ်များကို အမေရိကန်ပေါ့ပ်စတား ရီဟန်းနား၊ အင်္ဂလိပ် အဆိုတော် မင်းသမီး ဒူယာလီပါ နှင့် တောင်ကိုရီးယား K-Pop အဖွဲ့ Blackpink မှ လီဆာ အပါအဝင် နာမည်ကြီး ထင်ရှားကျော်ကြားသူများကပါ ဝယ်ယူစုဆောင်းကြပါတယ်။






