အီလွန်မက်စ် ထရမ့်အစိုးရအဖွဲ့မှ နှုတ်ထွက်

အီလွန်မက်စ် ထရမ့်အစိုးရအဖွဲ့မှ နှုတ်ထွက်

ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် “အစိုးရဌာနမှာ စွမ်းဆောင်ရည်မြှင့်တင်ရေးဦးစီးဌာန” (Doge) ကို ဖွဲ့စည်းပြီး အီလွန်မက်စ်ကို ဦးဆောင်တာဝန်ပေးခဲ့ပါတယ်။

မက်စ်သည် တာဝန်ထမ်းဆောင်စဉ် အမေရိကန်အစိုးရ၏ အသုံးစရိတ်တွေကို လျှော့ချဖို့နဲ့ ဝန်ထမ်းများစွာကို အလုပ်မှ ဖယ်ရှားရန် ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ဒုက္ခသည်များနဲ့ ရောဂါသည်များအတွက် အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုများကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။
ဒီလုပ်ရပ်များကြောင့် လူအများထံမှ ဝေဖန်မှုများ ရရှိခဲ့ပြီး Tesla ကုမ္ပဏီအား ကမ္ဘာတစ်ဝှမ်း ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပါတယ်။ လူတွေများစွာက Tesla ကားတွေကို မီးရှို့တဲ့အထိ ဆန့်ကျင်မှုများ ဖြစ်ပေါ်ခဲ့ပြီး Tesla ရဲ့ ယခုနှစ် ပထမသုံးလပတ်တွင် ကားရောင်းအား ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ယခုအခါ အီလွန်မက်စ်ဟာ ထရမ့်အစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့ပြီး Tesla ကုမ္ပဏီကို ပြန်လည် အာရုံစိုက် စီမံခန့်ခွဲရန် ပြင်ဆင်နေတယ်လို့သိရပါတယ်။


Latest