Your cart is currently empty!
ကိုရီးယားရဲ့ ပထမဦးဆုံး Tesla brand ambassador ဖြစ်လာတဲ့ အိုလံပစ် ငွေတံဆိပ်ဆုရှင် Kim Ye-ji
အိုလံပစ်မှာတုန်းက တောင်ကိုရီးယားရဲ့ အထာကျတဲ့ သေနတ်ပြစ်ဟန်ကြောင့် လူတိုင်းပါးစပ်ဖျားမှာ နာမည်ကြီးခဲ့ပါတယ်။
အခုဆိုရင် ကားထုတ်ရေးပိုင်းမှာ နာမည်ကြီးလာတဲ့ Tesla ရဲ့ CEO Elon Musk က သူမရဲ့ အေးဆေးတည်ငြိမ်ပုံကို သဘောကျပြီး တောင်ကိုရီးယားရဲ့ ပထမဦးဆုံး Tesla brand ambassador အဖြစ် ခန့်အပ်လိုက်ပါတယ်။
ပုံမှန်ဆိုရင်တော့ Model တစ်ဦးဦးနဲ့ brand ambassador တွေကို ခန့်အပ်ကြပေမယ့် Elon Musk ကိုယ်တိုင်က ထူးခြားတဲ့သူဖြစ်တာမို့လို့ သဘောကျ ခန့်အပ်ခဲ့တာလို့ ပြောလာပါတယ်။
Tesla နဲ့ တွဲလုပ်နိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ် လို့ Kim ကလည်း ဆိုလာပါတယ်။
Kim ကတော့ အခုဆိုရင် ကြော်ငြာတော်တော်များများမှာပါဝင်လာပြီဖြစ်တဲ့အပြင် အပ်ရှင်ဇာတ်လမ်းတိုလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။







Leave a Reply
You must be logged in to post a comment.