Your cart is currently empty!
ဒီဇိုင်းသစ်နဲ့ ဒေါ်လာ ၈၀၀ တန် Nothing Phone 3
Nothing Phone 3 ဟာ UK အခြေစိုက် Nothing ကုမ္ပဏီရဲ့ ပထမဆုံး တကယ့် flagship စမတ်ဖုန်းအဖြစ် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှာ တရားဝင်မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။ ဒီဖုန်းက ဒီဇိုင်းအသစ်၊ စွမ်းဆောင်ရည်မြှင့်တင်မှုတွေနဲ့ ဈေးကွက်ထဲမှာ ထိပ်တန်းဖုန်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒီဖုန်းရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင်ကစပြီးလာမယ်လို့သိရပါတယ်။
Nothing Phone 3 မှာ အရင်ဖုန်းတွေရဲ့ ထိပ်တန်းဒီဇိုင်းဖြစ်တဲ့ Glyph Interface ကို ဖယ်ရှားလိုက်ပြီး အသစ်ထွင်ထားတဲ့ Glyph Matrix ဆိုတဲ့ ဒီဇိုင်းအသစ်ကို သုံးထားတယ်လို့ သိရပါတယ်။ ဒီဒီဇိုင်းက ဖုန်းရဲ့ နောက်ဘက်မှာ အိုင်ကွန်တွေ၊ Notificationတွေ၊ ဒါမှမဟုတ် သီချင်း ဖွင့်နေတဲ့ အခါမှာ ပြသပေးနိုင်တဲ့ dot matrix ပုံစံမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလို ဒီဇိုင်းက Asus ROG Phone တွေမှာ မြင်ဖူးတဲ့ ပုံစံနဲ့ ဆင်ပေမယ့် Nothing ရဲ့ ကိုယ်ပိုင်ထူးခြားမှုကို ထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။
ဖုန်းရဲ့ နောက်ကျောမှာ ကင်မရာစနစ်အတွက် ထူးခြားတဲ့ ဒီဇိုင်းတစ်ခုပါလာမယ်လို့ Teaser တွေထဲမှာ ဖော်ပြထားတယ်။ အဝိုင်းပုံစံ ကင်မရာအိမ်တစ်ခုနဲ့ ဆေးပြားပုံစံရှည်လျားတဲ့ အဖွင့်ပုံစံတစ်ခုကို မြင်တွေ့ရပါတယ်။ ဒါအပြင် ဖုန်းရဲ့ ကိုယ်ထည်မှာ ပရီမီယံပစ္စည်းတွေ ဖြစ်တဲ့ သတ္တုဘောင်နဲ့ ဖန်သားနောက်ကျော ထည့်သွင်းထားနိုင်တယ်လို့ သတင်းတွေထွက်နေတယ်။
Display က 6.7-inch နဲ့ LTPO AMOLED ဖြစ်ပြီး 120Hz refresh rate နဲ့ အမြင့်ဆုံး တောက်ပမှု ၂၀၀၀-၃၀၀၀ nits လောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ HDR10+ ကိုလည်း ထောက်ပံ့မှာဖြစ်ပြီး ပိုမိုကြည်လင်ပြတ်သားတဲ့ ဖန်သားပြင်အတွေ့အကြုံကို ပေးနိုင်မယ်လို့ ဆိုပါတယ်။






