ဝန်ထမ်းအယောက် ၃၀ ခန့်နဲ့သာ လည်ပတ်နေပေမဲ့ လုပ်ငန်းတန်ဖိုး ဒေါ်လာဘီလျံ ၃၀ အထိ ရှိနေတဲ့ Telegram

Telegram ဟာ ရုံးချုပ်လည်းမရှိ၊ HR ဌာနလည်းမရှိဘဲ ဝန်ထမ်းအယောက် ၃၀ ခန့်နဲ့သာ လည်ပတ်နေပေမဲ့ လုပ်ငန်းတန်ဖိုး ဒေါ်လာဘီလျံ ၃၀ အထိ ရှိနေတဲ့ ထူးခြားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ ရုံးတက်စရာမလိုဘဲ မိမိတို့ရှိရာနေရာကနေ အဝေးရောက်စနစ်နဲ့သာ အလုပ်လုပ်ကြပြီး တစ်လကို အသုံးပြုသူ သန်းတစ်ထောင်နီးပါးရှိတဲ့ ဝန်ဆောင်မှုကြီးကို စီမံခန့်ခွဲနေကြတာပါ။

တည်ထောင်သူ ပါဗယ်ဒူးရော့ဗ်ရဲ့ ဦးဆောင်မှုနဲ့အတူ Telegram ဟာ အရင်က အရှုံးပြခဲ့ဖူးပေမဲ့ အခုအခါမှာတော့ Premium ကြေးနဲ့ ကြော်ငြာလုပ်ငန်းတွေကနေ အမြတ်အစွန်းတွေ ပြန်လည်ရရှိနေပြီဖြစ်ပါတယ်။ ဝန်ထမ်းအနည်းငယ်လေးနဲ့ ကမ္ဘာကျော် ပလက်ဖောင်းတစ်ခုကို အောင်မြင်အောင် ထိန်းကျောင်းထားနိုင်တဲ့ သူတို့ရဲ့ လုပ်ငန်းလည်ပတ်ပုံဟာ နည်းပညာလောကမှာ တကယ့်ကို အံ့အားသင့်စရာ ကောင်းလှပါတယ်။


Latest