Your cart is currently empty!
📱 2026 မှာ ထွက်ရှိလာမယ့် Apple ရဲ့ ပထမဆုံး “iPhone Fold” – ဘာတွေ ထူးခြားလာမလဲ?
Apple ရဲ့ ထုံးစံအတိုင်း Base Model တွေကို ခေတ္တနားပြီး iPhone 18 Pro Series နဲ့အတူ ပထမဆုံးသော ခေါက်ဖုန်း iPhone Fold ကို ၂၀၂၆ မှာ အကြီးအကျယ် မိတ်ဆက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ Front Page Tech ကနေ ရင်ခုန်စရာ Design Render တွေကို ချပြလိုက်ပါပြီ။
ခေါက်ထားရင် 5.5″ (Cover Display) နဲ့ အသုံးပြုနိုင်ပြီး၊ ဖြန့်လိုက်ရင်တော့ 7.8″ ရှိတဲ့ Tablet တစ်လုံးနီးပါး Screen အကျယ်ကို ရရှိမှာပါ။
အားလုံးက စောင့်မျှော်နေတဲ့ ‘ခေါက်ရာ (Crease)’ လုံးဝမရှိတဲ့ နည်းပညာကို သုံးထားတယ်လို့ ဆိုပါတယ်။
ဖြန့်ထားတဲ့အချိန်မှာ အထူက 4.5mm ပဲ ရှိတော့မှာမို့ အရမ်းကို ပါးလွှာပြီး လက်ထဲမှာ ကိုင်ရတာ ကျစ်လျစ်နေမှာပါ။
Powerhouse Chipset: နောက်ဆုံးပေါ် A20 Pro (2nm) Chip နဲ့ C2 Modem ကို အသုံးပြုထားလို့ မြန်နှုန်းမြင့် စွမ်းဆောင်ရည်ကို ခံစားရမှာပါ။
Camera: အနောက်ဘက်မှာ Dual Camera ပါဝင်ပြီး၊ Cover နဲ့ Main Display နှစ်ဖက်လုံးမှာ Punch-hole ပုံစံ Selfie Camera တစ်လုံးစီ ပါဝင်ပါမယ်။
ဒီတစ်ခါမှာတော့ Face ID အစား ဘေးဘောင်မှာရှိမယ့် Touch ID ကိုပဲ ပြန်သုံးထားတယ်လို့ သိရပါတယ်။
Battery Life: High Density Battery တွေကို သုံးထားတာကြောင့် Pro Max Level လောက်အထိ အားခံနိုင်မယ့် Battery Life ကို ရရှိမှာပါ။
🧐 သုံးသပ်ချက် iPhone Fold ရဲ့ Form Factor ဟာ အရင်က ထွက်ခဲ့ဖူးတဲ့ OPPO Find N2 သို့မဟုတ် Pixel Fold တို့လို ပုတိုတို ကျစ်လျစ်လျစ် ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ Android ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်း အပြိုင်ဖြစ်လာနိုင်တဲ့ ဒီ iPhone Fold ဟာ Apple ပရိသတ်တွေအတွက်တော့ တကယ့်ကို ဂိမ်းအပြောင်းအလဲ (Game Changer) တစ်ခု ဖြစ်လာမှာပါ။






