5G နှင့် စက်ရုပ်နည်းပညာနဲ့ မိုင် ၅,၀၀၀ အကွာမှ လူနာကို ခွဲစိတ်ခဲ့တဲ့ ဆရာဝန်

5G နှင့် စက်ရုပ်နည်းပညာနဲ့ မိုင် ၅,၀၀၀ အကွာမှ လူနာကို ခွဲစိတ်ခဲ့တဲ့ ဆရာဝန်

စိတ်ကူးကြည့်ပါ… အီတလီနိုင်ငံ၊ ရောမမြို့က တရုတ်
ခွဲစိတ်ဆရာဝန် ဒေါက်တာ ကျန်းရွှီ (Dr. Zhang Xu) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ မိုင် ၅,၀၀၀ နီးပါး (ကီလိုမီတာ ၈,၀၀၀) အကွာမှာရှိတဲ့ ကင်ဆာဝေဒနာရှင်တစ်ဦး ခွဲစိတ်ခန်းထဲတွင် ကုသမှုခံယူရန် အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။

ဒီနှစ်ဦးကို ဆက်သွယ်ပေးထားတာကတော့ 5G နည်းပညာနဲ့ ထိန်းချုပ်ထားတဲ့ ခွဲစိတ်စက်ရုပ်တစ်ရုပ်ဖြစ်ပါတယ်။ဆရာဝန်ရဲ့ ညွှန်ကြားချက်တိုင်းကို စက်ရုပ်က အချိန်နဲ့တစ်ပြေးညီ၊ နှောင့်နှေးမှုမရှိသလောက် တိကျစွာ အကောင်အထည်ဖော် ကုသပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်က သိပ္ပံဇာတ်ကားထဲက မြင်ကွင်းတစ်ခု မဟုတ်တော့ပဲ တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အဝေးထိန်းခွဲစိတ်မှု (Telesurgery) တစ်ခုဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ကမ္ဘာ့ဆေးပညာညီလာခံတစ်ခုကို တိုက်ရိုက်ပြသခဲ့ပြီး၊ ဒေါက်တာ ကျန်းရွှီရဲ့ လှုပ်ရှားမှုတိုင်းကို တစ်ဖက်နိုင်ငံမှာရှိတဲ့ စက်ရုပ်က တိကျစွာ လိုက်ပါလုပ်ဆောင်ခဲ့ပါတယ်။


Latest