AI နဲ့ အဆိုတော်တွေရဲ့ ပြသာနာ

AI နဲ့ အဆိုတော်တွေရဲ့ ပြသာနာ

AI ရဲ့ အရေးပါမှုက လက်ရှိမှာ တော်တော်လေးကြီးထွားလာတော့ အနုပညာရှင်တွေတောင်ကြောက်လို့ လာပြီဖြစ်ပါတယ်။

AI က ၅ နှစ်အတွင်း ဘယ်လောက်ပြောင်းလဲလာလည်းဆိုရင် လူမပါပဲနဲ့ စာလေးတစ်ကြောင်းရေးရုံနဲ့ ရုပ်ရှင်တွေ ပုံတွေ ဖန်တီးလို့ရနိုင်တဲ့အပြင် ကြိုက်တဲ့ အဆိုတော်တွေရဲ့ အသံတွေကိုပေါင်းပြီး သီချင်းတွေလည်း ဖန်တီးနေပြီဖြစ်ပါတယ်။

အခုဆိုရင် Billie Eilish၊ Katy Perry၊ J Balvin တို့အပါအဝင် အနုပညာရှင် ၂၀၀ ကျော်က AI အန္တရာယ်တွေကို ဆန့်ကျင်တဲ့အကြောင်းတွေပြောလာကြပါပြီ။
သင့်ရဲ့ စိတ်ခံစားမှုကို နှိုးဆွပေးတဲ့ သီချင်းတစ်ပုဒ်က လူသားရဲ့ ဖန်တီးမှုကနေမဟုတ်ဘဲ ကုဒ်တွေနဲ့ ဖန်တီးထားတယ်ဆိုတာကို စိတ်ကူးကြည့်ပါလား။ အနှစ်သာရမရှိဘူးလို့ ခံစားရမှာပါ။ ဒီလို အနာဂတ်မှာဖြစ်လာမယ့်အရာတွေနဲ့ပတ်သက်ပြီး Billie Eilish၊ Katy Perry၊ J Balvin၊ Nicki Minaj၊ Jonas Brothers၊ Peter Frampton၊ Pearl Jam၊ Jon Bon Jovi၊ Darius Rucker တို့လို ဂီတလောကရဲ့ နာမည်ကြီးပုဂ္ဂိုလ်ပေါင်း ၂၀၀ ကျော်က သတိပေးနေကြပါတယ်။ သူတို့ စိုးရိမ်နေတာက ဂီတဖန်တီးမှုမှာ AI ကို ပိုသုံးလာနေတာပါပဲ။ ဒီလို နည်းပညာတိုးတက်မှုက ဂီတရဲ့ အနှစ်သာရကို ဖျက်ဆီးပစ်နိုင်တယ်လို့ သူတို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဒါကြောင့် ဒီအနုပညာရှင်တွေက လှုပ်ရှားမှုတစ်ခုအနေနဲ့ Artist Rights Alliance (ARA) ဆိုတဲ့ အနုပညာရှင်တွေဦးဆောင်တဲ့ ပညာပေးနဲ့ ထောက်ခံအားပေးရေး အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ပွင့်လင်းစာတစ်စောင်ကို လက်မှတ်ထိုးလိုက်ကြပါတယ်။ သူတို့ရဲ့ သတင်းစကားက “AI ဖန်တီးသူတွေ၊ နည်းပညာကုမ္ပဏီတွေ၊ ပလက်ဖောင်းတွေ၊ ဒစ်ဂျစ်တယ်ဂီတဝန်ဆောင်မှုတွေကို လူသားအနုပညာရှင်တွေရဲ့ အခွင့်အရေးကို ထိပါးပြီး တန်ဖိုးဖြတ်စေတဲ့ AI အသုံးပြုမှုကို ရပ်တန့်ဖို့” တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။
မကြာခင် အနုပညာရှင်တွေနဲ့ AI တွေရဲ့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားလာဦးမှာဖြစ်ပြီး Hollywood မှာလည်း ရှေ့နှစ်က ဆန္ဒပြပွဲတွေနဲ့ ပြသာနာတွေတက်တဲ့အထိကိုဖြစ်ပွားသွားခဲ့ပါသေးတယ်။


Latest