Your cart is currently empty!
Apple, ကိုယ်ပိုင် AI Search Engine တစ်ခု တိတ်တဆိတ် တည်ဆောက်နေ
AI နယ်ပယ်မှာ တခြားကုမ္ပဏီတွေထက် နောက်ကျကျန်နေခဲ့တယ်လို့ ထင်ရတဲ့ Apple ဟာ အခြေအနေတွေကို ပြောင်းလဲဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
နောက်ဆုံးရသတင်းတွေအရ Apple ဟာ ChatGPT လိုမျိုး AI Search Engine တစ်ခုကို တိတ်တဆိတ်တည်ဆောက်နေပြီလို့ သိရပါတယ်။
Apple က AI Chatbot တွေ ဖန်တီးဖို့ စိတ်မဝင်စားဘူးလို့ အရင်က ပြောခဲ့ဖူးပေမဲ့၊ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Apple Intelligence ရော၊ နောက်ကျနေတဲ့ Siri အသစ်ကပါ သုံးစွဲသူတွေကို အားရကျေနပ်မှု မပေးနိုင်ခဲ့ပါဘူး။
ဒီလိုအခြေအနေတွေကို ပြောင်းလဲနိုင်ဖို့အတွက် Apple ဟာ ဒီနှစ်အစောပိုင်းမှာ “Answers, Knowledge and Information” (AKI) ဆိုတဲ့ အဖွဲ့အသစ်တစ်ခုကို လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ ChatGPT လိုမျိုး အမေးအဖြေလုပ်နိုင်တဲ့ Search Engine တစ်ခု ဖန်တီးဖို့ပါပဲ။ ဒီအဖွဲ့ကို အရင်က Siri နှောင့်နှေးမှုတွေကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ Robby Walker ကပဲ ဦးဆောင်နေတယ်လို့လည်း သိရပါတယ်။
Apple အနေနဲ့ ကိုယ်ပိုင် AI ကို မဖန်တီးနိုင်သေးခင်မှာတော့ iOS 18.2 မှာ ChatGPT ကို ပေါင်းစပ်ထည့်သွင်းပေးသွားမှာဖြစ်ပြီး၊ တခြား AI ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းဖို့ ဆွေးနွေးနေပါတယ်။
Apple ရဲ့ ဒီလိုခြေလှမ်းအသစ်တွေဟာ Google နဲ့ ChatGPT တို့ရဲ့ နေရာကို ဘယ်လောက်အထိ ခြိမ်းခြောက်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
ပရိသတ်ကြီးအနေနဲ့ရော Apple ရဲ့ ဒီခြေလှမ်းအပေါ် ဘယ်လိုထင်မြင်ယူဆလဲဆိုတာကို comment မှာ ပြောပြပေးခဲ့ပါဦးနော်။






