Your cart is currently empty!
လက်ရှိသတင်းများအရ Apple သည် Siri တွင် Google ၏ Gemini AI နည်းပညာကို အသုံးပြုရန်အတွက် Google နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။
သတင်းများအရ Google က Apple အတွက် Custom AI Model တစ်ခုကို အထူးဖန်တီးပေးရမယ့် ပုံစံမျိုးဖြစ်ပြီး၊ ChatGPT လိုမျိုး Extension အနေနဲ့ အသုံးပြုရမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ သို့သော်လည်း Apple ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခြင်း မရှိသေးပါဘူး။
Apple ရဲ့ လက်ရှိအခြေအနေက “ဆုပ်လည်းစူး စားလည်းရူး” ဆိုသလို ဖြစ်နေပါတယ်။ “ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ်တိုင်လုပ်မယ်” ဆိုရင် Apple ၏ ကိုယ်ပိုင် AI စနစ်ဖြစ်သော Apple Intelligence သည် နောက်ကျနေပါတယ်။ တစ်ဖက်ကနေ “Google ကို အားကိုးမယ်” ဆိုရင်လည်း Apple ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်။
သို့သော်လည်း သုံးစွဲသူတစ်ဦးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ Apple အနေနဲ့ ဂုဏ်ပကာသနကို ဘေးဖယ်ထားပြီး Google နဲ့ ပူးပေါင်းလိုက်တာက အသုံးပြုသူတွေအတွက် ပိုမိုအကျိုးရှိစေမယ်လို့ ယူဆနိုင်ပါတယ်။ ဒီပူးပေါင်းမှုဟာ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ နည်းပညာအတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။






