Your cart is currently empty!

Apple က သူ့ရဲ့ Operating System တွေကို နာမည်အသစ်တွေနဲ့ လာမယ့်လမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Apple က သူ့ရဲ့ Operating System တွေကို နာမည်အသစ်တွေနဲ့ လာမယ့်လမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီတစ်ခေါက်မှာ Apple ဟာ OS ဗားရှင်းတွေကို ခုနှစ်နဲ့ ချိတ်ဆက်ပြီး နာမည်ပေးဖို့ စီစဉ်ထားပါတယ်။
ဒီအစီအစဉ်အရ မကြာခင်ထွက်မယ့် iOS 19 ဟာ iOS 26 ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒီလိုပဲ တခြား OS တွေဖြစ်တဲ့ iPadOS 26၊ macOS 26၊ watchOS 26၊ tvOS 26 နဲ့ visionOS 26 ဆိုပြီး ပေါ်ထွက်လာဖို့ ရှိတယ်။ Apple ရဲ့ ရည်ရွယ်ချက်ကတော့ ဆော့ဖ်ဝဲလ်ဗားရှင်းနံပါတ်တွေကို တူညီအောင် ထားဖို့ပါပဲ။ အခုဆို ဗားရှင်းနံပါတ်တွေက မတူညီဘူး။ ဥပမာ iPhone မှာ iOS 18၊ Apple Watch မှာ watchOS 12၊ Vision Pro မှာ visionOS 2 ဆိုပြီး ကွဲပြားနေတယ်။
ဒီနာမည်ပြောင်းလဲမှုကို လာမယ့် ဇွန်လ ၉ ရက်နေ့ WWDC ပွဲမှာ Apple က တရားဝင် ကြေညာဖို့ ရှိတယ်လို့ သိရပါတယ်။





