Your cart is currently empty!
🔋 Apple Device တွေ Battery အားကုန်မမြန်အောင် လုပ်နည်း
Apple Device တွေဟာ စွမ်းဆောင်ရည် မြင့်မားသလောက်၊ Battery သက်တမ်းကို စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် Battery အားကုန်မြန်တာကို မဖြစ်အောင်ကာကွယ်ပေးမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Screen အလင်းရောင်ကို လျှော့ချပါ
Screen Brightness များလေလေ၊ Battery ကုန်တာ မြန်လေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် Auto-Brightness ကို ဖွင့်ထားတာမျိုးတွေလုပ်ပေးနိုင်သလို သို့မဟုတ် Control Center မှတစ်ဆင့် Brightness ကို မိမိဘာသာ လျှော့ချအသုံးပြုခြင်းဖြင့် Battery ကို သိသိသာသာ ချွေတာနိုင်ပါတယ်။
၂။ Background App Refresh ကို ပိတ်ထားပါ
Background App Refresh ဆိုတာကတော့ App တွေကို အသုံးမပြုနေချိန်မှာတောင် အချက်အလက်အသစ်နဲ့ (Updates) တွေကို ဆက်လက် ဆွဲယူနေတဲ့ Feature ဖြစ်ပါတယ်။
ဒီ Feature ကို ပိတ်ထားဖို့ဆိုရင်တော့ Settings > General > Background App Refresh သို့သွားပြီး ပိတ်ထားလို့ရနိုင်ပါတယ်။
၃။ Location Services ကို ပိတ်ထားပါ။
GPS အသုံးပြုတဲ့ Location Services ကို အမြဲဖွင့်ထားခြင်းကလည်း Battery အများဆုံး ကုန်စေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ပိတ်ထားမယ်ဆိုရင်တော့ Settings > Privacy > Location Services တွင် App တစ်ခုစီအတွက် “While Using the App” သို့မဟုတ် “Never” ကို ရွေးချယ် အသုံးပြုသင့်ပါတယ်။
၄။ Low Power Mode ကို အသုံးပြုပါ
Battery Level နည်းလာချိန်မှာ Low Power Mode ကို ဖွင့်ထားပါက Device ရဲ့ စွမ်းဆောင်ရည် Performance ကို အလိုအလျောက် လျှော့ချပေးပြီး၊ Battery သက်တမ်းကို အရေးပေါ် ဆွဲဆန့်ပေးနိုင်ပါတယ်။
၅။ Wi-Fi နှင့် Bluetooth ကို လိုအပ်မှသာ ဖွင့်ပါ
Wi-Fi နဲ့ Bluetooth တို့ကို အသုံးမပြုတဲ့ အချိန်တွေမှာ ပိတ်ထားပေးတာက Device က ဆက်သွယ်မှု ကွန်ရက်များကို အမြဲတစေ ရှာဖွေနေခြင်းကို ရပ်တန့်စေပြီး Battery ဆုံးရှုံးမှုကို လျှော့ချနိုင်ပါတယ်။
ဒီနည်းလမ်းတွေ အသုံးပြုမယ်ဆိုရင် ကိုယ့် Apple Device တွေ ကို အားအကြာကြီးထားသုံးလို့ရနိုင်မှာဖြစ်လို့ စမ်းကြည့်သင့်တယ်နော်။






