Apple Event မှာ မိတ်ဆက်ခဲ့သမျှ အကြောင်း ..

Apple Event မှာ မိတ်ဆက်ခဲ့သမျှ အကြောင်း ..
• iPhone 16, 16 Plus
စျေးသက်သာတယ်၊ Feature စုံတယ်၊ Camera Control ပါတယ်၊ Camera နေရာပြောင်းသွားတယ်၊ အရောင်တွေစုံတယ်။
• iPhone 16 Pro, 16 Pro Max
iPhone Size တွေပိုကြီးလာတယ်၊ Chip ပိုကြမ်းလာတယ်၊ Battery အားပိုခံလာတယ်၊ အရောင်သစ်တစ်ရောင်ပါလာတယ်၊ Video Feature အသစ်တွေ အများကြီးပါဝင်လာတယ်။
• Apple Watch Series 10, Watch Ultra 2 Black
Apple Watch Series 10 ကတော့ ပိုပါးလာတယ်၊ ပိုကြီးလာတယ်၊ Jet Black အရောင်သစ်တစ်ခုပါဝင်လာပါတယ်၊ နောက်ပြီး Sleep Feature တစ်ခုပေးထားပါသေးတယ်။
Ultra 2 ကတော့ ပြောင်းလဲမှုသိပ်မရှိပဲ Black ကိုမှ အကြမ်းခံတဲ့ ပုံစံနဲ့ ထုတ်ပေးထားလိုက်ပါတယ်။
• AirPods 4
AirPods 4 က Personalized Spatial Audio, Voice Isolation, Siri Interaction တွေ ပါဝင်ပြီး 30-hour battery life လည်း ပါဝင်ပါသေးတယ်။
AirPods 4 မှာ ထူးထူးခြားခြားအနေနဲ့ Second model တစ်ခုကိုပါ ထုတ်လုပ်ထားပါတယ်။ Second model မှာ AirPods Pro ရဲ့ Active noise cancellation ပါဝင်တဲ့အတွက် ပတ်ဝန်းကျင်က ဆူညံသံတွေကြားမှာ အေးဆေးနေနိုင်မှာပါ။
ဒါတွေကတော့ Apple Event မှာမိတ်ဆက်သွားတဲ့ အဓိက Products တွေပဲဖြစ်ပါတယ်။

Latest