Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့ iPhone 6 series ဖုန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် iOS 12.5.8 Software Update ကိုပေးလိုက်ပါပြီ

Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့ iPhone 6 series ဖုန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် iOS 12.5.8 Software Update ကိုပေးလိုက်ပါပြီ

ဒီလို ရှားရှားပါးပါး Software Update ပေးတာက ခေတ်ပေါ်စမတ်ဖုန်းတွေလို Feature အသစ်တွေထည့်ပေးထားတာတွေ၊ Operating System တစ်ခုလုံးကို အကြီးစား ပြင်ဆင်ပြောင်းလဲလိုက်တာမျိုး မဟုတ်ဘဲ၊ နောက်ကွယ်က Backend infrastructure အပိုင်းကိုသာ အဓိက ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မည်သည့် စမတ်ဖုန်းအမှတ်တံဆိပ်မှ ဖုန်းတစ်လုံးကို ၁၃ နှစ်အထိ ဆော့ဖ်ဝဲလ် Support ပေးလေ့မရှိပါဘူး၊ အကြောင်းကတော့ ထုတ်လုပ်သူတွေရဲ့ တရားဝင် အမြင့်ဆုံး ပံ့ပိုးပေးနိုင်မယ့် သက်တမ်းကာလဟာ အဲဒီစံချိန်မတိုင်မီကတည်းက ကုန်ဆုံးသွားလေ့ရှိလို့ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ ၁၃ နှစ်အထိ Software Update မျိုး ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက် ရှိနေပေမယ့်လည်း၊ နည်းပညာလောကအတွင်းမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆော့ဖ်ဝဲလ် Update ပေးမယ့် သက်တမ်းကာလတွေကို အပြိုင်အဆိုင် တိုးမြှင့်လာကြပါတယ်။

Latest