Apple အသုံးပြုသူများ သတိပြုရန် – အရေးပေါ် Software Update ထွက်ပေါ်

Apple အသုံးပြုသူများ သတိပြုရန် – အရေးပေါ် Software Update ထွက်ပေါ်

Apple ဟာ လတ်တလောမှာ iOS ရဲ့ လုံခြုံရေးအားနည်းချက်တစ်ခုကို Hacker တွေက အသုံးပြုနေတာကြောင့် အရေးပေါ် Software Update တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီအားနည်းချက်ဟာ ဖုန်းထဲက ပုံမှန်အသုံးပြုနေတဲ့ ImageIO စနစ်မှာ ရှိနေတာဖြစ်ပြီး၊ Hacker တွေဟာ ဒီအားနည်းချက်ကို အသုံးပြုပြီး သုံးစွဲသူတွေရဲ့ ဖုန်းထဲကို ခိုးဝင်နေတာ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးကို Apple ကိုယ်တိုင်တောင် မသိသေးခင်မှာ Hacker တွေက စတင်အသုံးပြုနေတာကြောင့် နည်းပညာနယ်ပယ်မှာ Zero-Day တိုက်ခိုက်မှုလို့ ခေါ်ဆိုကြပါတယ်။

ဒီလိုတိုက်ခိုက်မှုမျိုးဟာ သာမန်တိုက်ခိုက်မှုတွေနဲ့မတူဘဲ အထူးပစ်မှတ်ထားပြီး လုပ်ဆောင်လေ့ရှိတာကြောင့် သင့်ရဲ့ ဖုန်းထဲက ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ အခြားအရေးကြီးတဲ့ အချက်အလက်တွေ အပြင်လူလက်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် Apple ဖုန်းအသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ဖုန်းလုံခြုံရေးကို အမြန်ဆုံး အဆင့်မြှင့်တင်ထားဖို့ အလွန်အရေးကြီးပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်တော့ iOS 18.6.2 ကို အမြန်ဆုံး Update ပြုလုပ်ထားဖို့ Apple က တိုက်တွန်းထားပါတယ်။

Settings > General > Software Update ကို ဝင်ပြီး Update ကို install လုပ်လိုက်ရုံပါပဲ။

သင့်ရဲ့ iPhone ကို စိတ်ချရအောင် ဒီ update ကို အမြန်ဆုံး ပြုလုပ်ထားဖို့ အကြံပြုလိုပါတယ်။


Latest