Bill Gates ရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုံးသပ်ချက်

The New York Times ကနေ ဒီကနေ့ (အောက်တိုဘာ ၂၈၊ ၂၀၂၅) မှာ ဖော်ပြခဲ့တဲ့ Bill Gates ရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုံးသပ်ချက်

Bill Gates ဟာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ အပူချိန်လျှော့ချဖို့ထက် ‘လူသားချင်း စာနာထောက်ထားမှု’ ကို ဦးစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

သန်းကြွယ်သူဌေး၊ ရင်းနှီးမြှုပ်နှံသူနှင့် ပရဟိတသမား Bill Gates က လန်ဒန်မှာ ပြုလုပ်တဲ့ မိန့်ခွန်းတစ်ခုမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို COP30 ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲများ မတိုင်မီ ရာသီဥတုဗျူဟာကို ပြောင်းလဲဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ သူက အပူချိန်လျှော့ချရေး ပန်းတိုင်များထက် အစွန်းရောက် ရာသီဥတုဒဏ်ကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရေး (Adaptation) နဲ့ လူသားများရဲ့ ကျန်းမာရေးနဲ့ သုခချမ်းသာ တိုးတက်စေရေး ကို အဓိက အာရုံစိုက်ရန် တောင်းဆိုခဲ့ပါတယ်။

Bill Gates က ရာသီဥတုပြောင်းလဲမှုဟာ ပြင်းထန်တဲ့ ပြဿနာမဟုတ်ပေမယ့် “လူသားမျိုးနွယ်ကို အဆုံးသတ်စေမှာ မဟုတ်ပါ” ဘူးလို့ သူ့ရဲ့ ကိုယ်ပိုင် ဘလော့မှာ ရေသားခဲ့ပါတယ်။

ရာသီဥတုတိုက်ဖျက်ရေးအတွက် အပူချိန်လျှော့ချမှုအစား ကျန်းမာရေးနဲ့ သာယာဝပြောရေး ကို မြှင့်တင်ဖို့ ရာသီဥတုဒဏ်ခံနိုင်ရည် (Climate Resilience) ကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မယ်လို့ သူကဆိုပါတယ်။

COP30 မှာ ဆွေးနွေးမယ့် ရာသီဥတုဗျူဟာများရဲ့ ဗဟိုအဖြစ် လူသား သုခချမ်းသာ တိုးတက်စေရေး ဘက်ကို ဦးတည်ချက်ပြောင်းဖို့ တောင်းဆိုခဲ့ပါတယ်။

အထူးသဖြင့် ပိုမိုထိခိုက်လွယ်တဲ့ ဒေသတွေမှာ စွမ်းအင်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ စိုက်ပျိုးရေး ခံနိုင်ရည် (Agricultural Resilience) တို့လို နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီ နယ်ပယ်တွေဟာ အပူချိန်လျှော့ချတာထက် ပိုမိုကောင်းတဲ့ အကျိုးကျေးဇူးများကို ပေးနိုင်ကြောင်း သူက အခိုင်အမာ ပြောကြားခဲ့ပါတယ်။


Latest