Creator Fast Track” ဆိုတဲ့ အစီအစဉ်သစ်နဲ့ လစဉ်ကြေး သိန်းရာချီပေးမယ့် အခွင့်အရေးကို စတင်လိုက်ပါတယ်

Facebook က TikTok နဲ့ YouTube မှာ အောင်မြင်နေတဲ့ Content Creator တွေကို ဆွဲဆောင်ဖို့အတွက် “Creator Fast Track” ဆိုတဲ့ အစီအစဉ်သစ်နဲ့ လစဉ်ကြေး သိန်းရာချီပေးမယ့် အခွင့်အရေးကို စတင်လိုက်ပါတယ်။ ဒီအစီအစဉ်အရ တခြား Platform တွေမှာ Follower ၁ သိန်းအထက်ရှိသူတွေဟာ တစ်လကို ဒေါ်လာ ၁,၀၀၀ ကနေ Follower ၁ သန်းကျော်ရှိရင် ဒေါ်လာ ၃,၀၀၀ အထိ သုံးလတိတိ အခမဲ့ ထောက်ပံ့ကြေး ရရှိမှာ ဖြစ်ပါတယ်။

ပါဝင်လိုသူတွေအနေနဲ့ ရက် ၃၀ အတွင်း ကိုယ်တိုင်ဖန်တီးထားတဲ့ Reels ဗီဒီယို ၁၅ ခုကို သတ်မှတ်ထားတဲ့အတိုင်း တင်ပေးရုံပါပဲ။ အဲဒီသုံးလပြည့်သွားရင်တောင် Facebook ရဲ့ ကြော်ငြာဝင်ငွေခွဲဝေမှုစနစ်ကနေ ဝင်ငွေတွေ ဆက်လက်ရရှိဦးမှာ ဖြစ်ပါတယ်။ Mark Zuckerberg က Creator တွေအတွက် ဝင်ငွေမတည်ငြိမ်တဲ့ ပြဿနာကို အခုလို ထောက်ပံ့ကြေးတွေနဲ့ ဖြေရှင်းပေးလိုက်တာဖြစ်လို့ ဒါဟာ Facebook ကို အဓိကဝင်ငွေရှာတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်မယ့် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။


Latest