Formula 1 ကားတွေလို တည်ဆောက်ထားတဲ့ Lego ပြိုင်ကား

Formula 1 ကားတွေလို တည်ဆောက်ထားတဲ့ Lego ပြိုင်ကား

Formula 1  ယာဉ်မောင်းတွေဟာ မကြာသေးခင်က ပြိုင်ကားအရွယ််အစားရှိတဲ့ Lego ကားတွေနဲ့ ပြိုင်ကွင်းထဲ ဝင်လာခဲ့ကြပါတယ်။ အချိန် ၈ လလောက်ကြာအောင်တည်ဆောက်ထားတဲ့ ဒီကားတွေကို Formula 1 ပြိုင်ကားမောင်းတဲ့သူတွေက မောင်းလာတော့ ပရိတ်သက်တွေက အံအားသင့်ခဲ့ကြပါတယ်။ 

ဒီလို အရမ်းမိုက်တဲ့ ပြိုင်ကားပြိုင်ပွဲကို Lego နဲ့  Formula 1 တို့ကအတူတူ ပူးပေါင်းပြီး သူတို့ရဲ့ Speed Champions Series အတွက် အသင်း ၁၀ သင်းနဲ့ ယာဉ်မောင်းတွေရဲ့ပုံစံတူ Lego ပြိုင်ကားတွေကို ဒီနှစ်ထဲမှာ ထုတ်လုပ်ဖို့ စီစဥ်ခဲ့ကြတာဖြစ်ပါတယ်။ 

မိုင်ယာမီပွဲမှာ  McLaren၊ Mercedes၊ Red Bull၊ Ferrari တို့ရဲ့ နာမည်ကြီးယာဉ်မောင်း အယောက် ၂၀ ဟာ သူတို့ရဲ့ ယာဉ်မောင်းချီတက်ပွဲမှာ  F1 ကားတွေနဲ့ ပုံစံတူ Lego Big Builds တွေကို မောင်းပြီး ပရိသတ်တွေကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ 

ဒီပရောဂျက်ကို လုပ်ဖို့က အချိန် ၈ လအတွင်း Lego အင်ဂျင်နီယာ ၂၆ ဦးပါတဲ့ အဖွဲ့ဟာ နာရီ ၂၂,၀၀၀ လောက် အချိန်ယူပြီး ကားတွေကို တည်ဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ 

Lego ဒီဇိုင်နာ Marcel Stastny က Formula 1  ထဲမှာပါတဲ့ အသင်းတစ်ခုချင်းစီဟာ သူတို့ရဲ့ မူပိုင်ခွင့်တွေနဲ့ ဉာဏအားတွေသုံးပြီး အတူတူကူညီပေးခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် Formula 1 ရဲ့ စည်းမျဥ်းစည်းကမ်းတွေအရ ပြိုင်ကားတွေရဲ့ လုပ်ဆောင်ချက်တွေဟာ အပြင်ကို ပေါက်ကြားခွင့်မရှိဘူးလို့လည်း အင်ဂျင်နီယာပိုင်းက ပြောပြခဲ့ပါသေးတယ်။ 

ပြိုင်ကွင်းမှာ ပွဲဦးထွက်မလုပ်ခင် ဒီကားတွေကို ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမှာရှိတဲ့ Hard Rock Stadium ရဲ့ အနောက်ကျောင်းဝင်းထဲက Lego Garage မှာ ပြသခဲ့ပါတယ်။ ကျွန်တော် McLaren ကားထဲကို ဝင်ကြည့်ခွင့်ရခဲ့တယ်။ ဒီကားက မင်းရဲ့ ကလေးတွေအတွက် ဝယ်နိုင်တဲ့ ကားပဲလို့ပြောပါတယ်။ 

နောက်ပြီး ခိုင်တယ်၊ လက်နဲ့ရိုက်ရင်တောင်မပြုတ်ထွက်ဘူးလို့ဆိုပါတယ်။ 


Latest